ကာကွယ်စစ် အောင်မြင်ပါစေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်စစ် အောင်မြင်ပါစေ










လားရှိုးမြို့ပေါ်မှာ MNDAA အကြမ်းဖက်သမားများက မြို့ခံပြည်သူများကို ခိုင်းစေနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခုနဲ့အတူ MNDAA အကြမ်းဖက်သမားများက မြို့ခံများကို လမ်းညွှန်ချက်တွေပေးနေတဲ့ ရုပ်သံတစ်ခု တွေ့မြင်ရပါတယ်။ ရုပ်သံထဲမှာ ပစ်ခတ်သံတချို့လည်း ကြားနေရပါတယ်။

လားရှိုးမြို့အခြေအနေနဲ့ ပတ်သက်လို့ ပြောရင် ၅၀၇ ကုန်းကို စီးနင်းတိုက်ခိုက်နေကတည်းက တပ်မတော်က အသာစီးရနေသလိုလို သတင်းစကားတွေ ကြားခဲ့ရပါတယ်။ တစ်ဖက်မှာလည်း ပြည်ဖျက်မီဒီယာတွေက MNDAA က သိမ်းပိုက်လိုက်ပြီဆိုတာမျိုး ဝါဒဖြန့်ခဲ့ကြပါတယ်။ ခုခံကာကွယ်တားဆီးရင်းက အကြမ်းဖက်သမားတွေက လားရှိုးမြို့ထဲကို ရောက်လာခဲ့တယ်။ အခုဆိုရင် လားရှိုးမြို့ဟာ မြို့ပျက်ကြီးသဖွယ် ဖြစ်နေပါပြီ။ အကြမ်းဖက်သမားတွေက မြို့ထဲက အရပ်သားယောင်ဆောင်ပြီး ဝင်ရောက်လာတယ်။ မြို့တွင်းတိုက်ပွဲဆင်နွှဲတယ်။ 

အခုတော့ မြို့ခံလူထုကိုပါ သူတို့လိုရာ ခိုင်းစေဆောင်ရွက်နေတဲ့ အခြေအနေမျိုး မြင်တွေ့ရတယ်။ ဒီလို မြင်ကွင်းတွေကို တွေ့ရတော့ ရင်နာတယ်လို့ပဲ ပြောဖို့ရှိပါတော့တယ်။ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ မြို့ရွာအားလုံးဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကို အာဏာလွှဲအပ်ထားတဲ့ကာလ မြို့ရွာများအားလုံးဟာ တပ်မတော်ရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိနေရမှာ ဖြစ်ပါတယ်။

မြေပြင်မှာ မြောက်များလှစွာသော အကြမ်းဖက်သမားများနဲ့ ရင်ဆိုင်ယှဉ်ပြိုင် ခြေမှုန်းနေရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ဘယ်လောက်အခက်အခဲ အကြပ်အတည်း ရှိမယ်ဆိုတာကို နားလည်ပါတယ်။ ကာကွယ်စစ်ဆင်နွှဲနေတဲ့ တပ်မတော်သားတွေကို နောက်ကနေ အင်အားဖြည့်တင်းပေးနိုင်ခြင်း၊ ပံ့ပိုးကူညီမှုအားနည်းတဲ့အတွက် အခုလို ဖြစ်ရတာလို့ပဲ ရိုးရိုးရှင်းရှင်း သုံးသပ်ရပါလိမ့်မယ်။

၅၀၇ ကုန်းမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ များပြားလှစွာသော MNDAA, PDF အကြမ်းဖက်သမားများကို ခြေမှုန်းပေးခဲ့ပါတယ်။ အခု မြို့တွင်းကို ရောက်လာပြီဆိုတော့လည်း ခြေမှုန်းဆောင်ရွက်နေကြဆဲပါပဲ။

ကျွန်တော်တို့ ပြည်သူများဟာ အကြမ်းဖက်သမားများရဲ့ အသုံးချခံ မဖြစ်ရဘူး။ အကြမ်းဖက်သမားများ လက်ညှိုးညွှန်ရာ လိုက်ပါလုပ်ဆောင်ရလောက်သည်အထိ မြင်တွေ့နေရတော့ ရင်နာဖို့ ကောင်းလွန်ပါတယ်။

လားရှိုးမတိုင်မီ အခြားသော မြို့ရွာများကို အကြမ်းဖက်သမားများ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ အခြေအနေတွေ ကြုံတွေ့ခဲ့ရပြီ။ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို တွက်ဆပြီး ထိရောက်ပြင်းထန်စွာ ဆောင်ရွက်ဖို့ အချိန်ရခဲ့ပါသေးတယ်။ မြို့တွင်းကို ဝင်ရောက်မလာနိုင်အောင် ၂ပတ်လောက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကာကွယ်တားဆီးနိုင်ခဲ့ပါတယ်။

အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သေကြေပျက်စီးအောင် လုပ်လာပြီဆိုရင် အပြစ်မဲ့ ပြည်သူ တစ်ယောက် သေဆုံးမှုအတွက် အကြမ်းဖက်သမား တစ်ထောင်၊ တစ်သောင်းကိုလည်း နှိမ်နင်းရမှာပဲ ဖြစ်ပါတယ်။ လားရှိုးမြို့မှာ MNDAA, PDF အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ အပြစ်မဲ့ ပြည်သူပေါင်း ၃၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တယ်။ နောက်ဆက်တွဲ သေဆုံးမှုတွေလည်း ရှိနိုင်ပါတယ်။ လားရှိုးမြို့က ပြည်သူတွေလည်း နေရာဒေသအနှံ့ ပြောင်းရွှေ့ထွက်ပြေးခဲ့ကြရပြီး ဖြစ်ပါတယ်။

ပြည်ပ သြဇာခံ ပြည်ဖျက်မိစ္ဆာတွေက စစ်မျက်နှာပေါင်းစုံကနေ ထိုးနှက်တိုက်ခိုက်နေကြပါတယ်။ အမိမြေကို ကာကွယ်စောင့်ရှောက်နေကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ခက်ခဲပင်ပန်းစွာ နှိမ်နင်းဆောင်ရွက်နေကြမယ်ဆိုတာလည်း အထွေအထူး ပြောဖို့ မလိုပါဘူး။ တပ်မတော်သားများကို အစဉ်အမြဲ ထောက်ခံအားပေးတဲ့ ပြည်သူတစ်ယောက်အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာဖြင့် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမား မှန်သမျှကို အောင်မြင်စွာ နှိမ်နင်းနိုင်ပါစေလို့ပဲ အစဉ်ထာဝရ တောင်းဆုပြုလျှက်ပါ။

ကာကွယ်စစ်ဟာ အောင်မြင်ရမည်။

ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများ ကျဆုံးရမည်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)