ဘုတ်ပြင်းမြို့၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတောင်သူများအား မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ သဘာဝဓာတ်မြေ ဩဇာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတောင်သူများအား မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ သဘာဝဓာတ်မြေ ဩဇာများ ထောက်ပံ့ပေးအပ်







ဘုတ်ပြင်း၊ ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းမြို့နယ်များရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ တောင်သူများ နှင့်မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့်အကျိုးဆောင်တောင်သူများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဘုတ်ပြင်းမြို့ သပြေခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက ဘုတ်ပြင်းခရိုင်အတွင်းရှိ တောင်သူများအနေဖြင့် ရေမြေဒေသနဲ့ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ အသုံးပြုရန်လိုအပ်သလို မြေဆီလွှာရေရှည်ဖွံ့ဖြိုး တည့်တံ့နိုင်ရေး၊သီးနှံပိုးမွှားရောဂါ စနစ် တကျကာကွယ်ရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲသုံးစွဲရေး နှင့်ရိတ်သိမ်းချိန်လွန်နည်းပညာများကိုလည်း လိုက်နာကျင်သုံးရမှာဖြစ်ပြီး သက်ဆိုင်ရာဌာနများနှင့်လည်းပူးပေါင်း ချိတ်ဆက်လိုပါကြောင်း၊ ဘုတ်ပြင်းခရိုင်အနေဖြင့် ရေလုပ်ငန်း၊ နှစ်ရှည်ခြံလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းစတဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာရှိတဲ့ ခရိုင်ဖြစ်သည့်အတွက် လယ်ယာလုပ်ငန်းကို တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားစွာ ရရှိရေးအတွက် တောင်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ရေ၊ မြေဒေသနှင့်ကိုက်ညီတဲ့ စိုက်ပျိုးရေးနည်းစနစ်တွေကိုလည်း ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဘက်စုံအဆင့်မြင့်နည်းပညာ သုံးစံပြကျေးရွာတွေရဲ့ မိုးစပါးစိုက်ခင်းတွေအတွက်လိုအပ်တဲ့မျိုးစေ့နဲ့ သွင်းအားစုများပံ့ပိုးပေးခြင်းများအပြင် မိုးစပါးပန်းတိုင်အထွက်နှုန်းများရရှိစေရေးအတွက် မျိုးစပါးများ ထောက်ပံ့ပေးလျက်ရှိရာ တောင်သူများကလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် အမြဲမပြတ်ဆက်သွယ်ပြီး မျိုးကောင်းမျိုးသန့် မျိုးစေ့နဲ့ သွင်းအားစုဆိုင်ရာ လိုအပ်ချက်များ၊ ရောဂါပိုးမွှားကာကွယ်နှိမ်နှင်းနည်းနှင့်ခေတ်မီစိုက်ပျိုးရေး နည်းပညာများကို လက်ဆင့်ကမ်းရယူ၍ တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘုတ်ပြင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးညွှန့်ဝင်းက ရေ၊ မြေ၊ ရာသီဥတုအရ နှစ်ရှည်သီးနှံများ ဖြစ်သည့် ရော်ဘာ၊ဆီအုန်း၊ကိုကိုးစသည့် သီးနှံများအပြင် မြေနိမ့်ကော်ဖီ ဖြစ်ထွန်းစိုက်ပျိုးလျက်ရှိရာ ကော်ဖီမှတန်ဖိုးမြင့်ထုတ်ကုန်ဆောင်ရွက်အခြေအနေများ၊ ဘုတ်ပြင်းခရိုင်တွင် ကော်ဖီစိုက်ဧက (၆၃၃)ဧက စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး   ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုရန်အတွက် တောင်သူများအား မျိုးကောင်းမျိုးသန့် ကော်ဖီပျိုးပင်များထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသန်းညီညီလတ်က မြေယာဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဘုတ်ပြင်းခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား မျိုးစပါး၊ သဘာဝဓာတ်မြေဩဇာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ၊ ကော်ဖီပျိုးပင်နှင့်ကိုကိုးပျိုးပင်များ ထောက်ပံ့ပေးအပ်ခဲ့ပြီးသည်။ တောင်သူများ ကိုယ်စားတောင်သူ ဦးမျိုးလွင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဘုတ်ပြင်းခရိုင်အတွင်းရှိ မြို့နယ်(၁)မြို့နယ်နှင့် မြို့(၂)မြို့တို့တွင်၊ တောင်သူ(၄၅)ဦး၊ စိုက်ဧက(၃၂၅) ဧကတို့ အားဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါစိုက်ဧကများအတွက် တစ်ဧကလျှင် မျိုးစပါး (၁) တင်း၊ သဘာဝမြေဩဇာ(၁)အိတ်နှင့် ကွန်ပေါင်းဓါတ်မြေဩဇာအိတ်ဝက်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့်  ဘုတ်ပြင်းခရိုင်အတွင်းရှိ ကျေးရွာအုပ်စု(၇) အုပ်စု၊ တောင်သူ(၇၅)ဦး စိုက်ဧက(၅၀၀)ဧကတို့အတွင် မျိုးစပါး(၅၀၀)တင်းအား ယနေ့အခမ်းအနားတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)