ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့်ပတ်သက်၍ဌာနဆိုင်ရာအကြီးအကဲများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့်ပတ်သက်၍ဌာနဆိုင်ရာအကြီးအကဲများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ






ရွှေတောင်  ၊  ဇူလိုင် ၁၁

ပဲခူး တိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင်အစည်းအဝေးခန်းမတွင် မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်ကအဖွင့်အမှာစကားပြောကြားရာတွင် အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေများ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ဆောင်ရွက်မည့် အကြောင်းအရာများ နှင့် နိုင်ငံ တော်ပံ့ပိုးထောက်ပံ့ငွေဖြင့် ကျေးရွာ စာကြည့်တိုက် ဆောက်လုပ်မည့် အခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး မိမိတို့၏ ဌာနအလိုက် လစဥ် ပုံမှန်ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ဧရာဝတီမြစ် ရေဝင် ရောက်မှုအ ခြေအနေများနှင့် ရွှေတောင်မြို့နယ် အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား လမ်းညွှန်မှာကြား  ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက်ပုံမှန်လုပ်ဆောင်မှုများ နှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်မှ လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ပေးခဲ့သည်။

      ထို့နောက် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးမှု အပေါ် ဌာနဆိုင်ရာများမှ လှူဒါန်းငွေ (၃)သိန်းကျပ်အား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးသန့်က လက်ခံရယူခဲ့သည်။အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)