ဟိုပုံးမြို့၌ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးသစ်ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့၌ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးသစ်ဖွင့်ပွဲ ကျင်းပ




ဟိုပုံး၊ ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါရုံးသစ်၌ ဖွင့်လှစ်သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ‌ဆောင်ရွက်စေရေးစသည့် ရည်မှန်းချက်တာဝန် (၄) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တပ်ဖွဲ့ဖြစ်ပါကြောင်း၊ တပ်မတော်နှင့်လည်း ညီနောင်တပ်ဖွဲ့ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်တွဲညီညီဆောင်ရွက်နေသည့် တပ်ဖွဲ့လည်း ဖြစ်ပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တာဝန်ထမ်း‌ဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သစ်လွင်တောက်ပသော၊ ကောင်းမွန်မှန်ကန်သော စိတ်ဓာတ်များဖြင့် နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်ကြပြီး ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်စေရေးစသည့် လုပ်ငန်းတာဝန် များကို စွမ်းစွမ်းတမံဆောင်ရွက်ပြီး အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာ နိုင်ငံတော်၏အကျိုး၊ တပ်ဖွဲ့အကျိုးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများ၏အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်နိုင်သော ရပ်တပ်ဖွဲ့ဝင်ကောင်းများဖြစ်ကြပါစေကြာင်း ပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ရုံးသစ်အား အမွှေးနံ့သာရည်များပက်ဖျန်းသည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့ရုံး၊ ရုံးသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းရိုက်ကူးခဲ့ကြောင်း သိရသည်။ အဆိုပါရုံးသစ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် (၃၂၀.၄၈၈) သန်းဖြင့် တင်ဒါအောင်မြင်သည့် Hearty Group ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)