ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဒေသခံပြည်သူများ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဒေသခံပြည်သူများ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲ ကျင်းပ

 


ပဲခူး  ၊ ဇူလိုင် ၂၉


ပဲခူးမြို့၊ သီရိဥဿာဈေးရုံကြီးအပေါ်ထပ်၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏  ဆေးဝါးတိုက်ရိုက်ရောင်းချပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းမှ အိမ်သုံးဆေးဝါးများ တိုက်ရိုက်ရောင်းချနေသည့် ဆိုင်ခန်းများအား လှည့်လည်ကြည်ရှုအားပေးခဲ့ပြီး ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဆေးဝါးများအား စီးပွားရေးအကျိုးတစ်ခုလို့ငှာ သိုလှောင်သိမ်းဆည်းထားခြင်းမရှိစေရေး၊ အရည်အသွေးပြည့်မီသည့် ဆေးဝါးများရောင်းချနိုင်ရေးနှင့် လက်လီအဆင့်ထိ တိုက်ရိုက်ရောင်းချနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။


အဆိုပါ ဆေးဝါးတိုက်ရိုက်အရောင်းပြပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆေးဝါးအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက် ဝယ်ယူရောင်းချနိုင်ခြင်း၊ ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုအား ကာကွယ်တားဆီးနိုင်ရေး၊ ဒေသခံပြည်သူများ ကုမ္ပဏီတိုက်ရိုက်ဈေးနှုန်းဖြင့် လိုအပ်သလောက်ဝယ်ယူနိုင်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးဝန်ဆောင်မှုအား ဘက်ပေါင်းစုံဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်ပြီး ဆေးဝါးတိုက်ရိုက်အရောင်းပွဲတော်အား ဇူလိုင်လ (၂၉) ရက်နေ့မှ ဩဂုတ်လ (၃) ရက်နေ့အထိ ဈေးအရောင်းဆိုင်ခန်း (၂၆) ခန်းမှ ဆေးဝါးအမျိုးအစား (၅၀၀) ကျော်အား နေ့စဉ်ပိတ်ရက်မရှိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)