ကြံခင်းမြို့နယ် အလက(သစ်ဆိမ့်ကိုင်း)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် အလက(သစ်ဆိမ့်ကိုင်း)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်





ကြံခင်း၊ ဇူလိုင်   ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အလက(သစ်ဆိမ့်ကိုင်း)ကျောင်း၌ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း စုဝေးခန်းမတွင်ပြုလပ်သည်။

အဆိုပါဟောပြောပွဲတွင် အလက(သစ်ဆိမ့်ကိုင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေး က အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ ဖွင့်လှစ်ရသည့် ဦးတည်ချက် (၄)ရပ် ဖြင့် ဖော်ဆောင်လျက်ရှိ ရာ (၁) မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်ရေး တွင် အထောက်အကူပြုစေရန်၊(၂) ဒေသအလိုက် ရွက်ပုန်းသီး၊ ထူးချွန်အားကစားသမားများ ပိုမိုပေါ်ထွင်လာ စေရန်၊ (၃) မြန်မာ့အားကစားအောင်မြင်မှုများတွင် ဒေသအသီးသီးမှ တိုင်ရင်းသားများအားလုံး ပါဝင်နိုင်စေ ရန်၊ (၄) ဒေသအလိုက် အားကစားလုပ်ငန်းများဖွံ့ဖြိုးပြီး တိုင်းရင်းသားပြည်သူများ ကျန်းမာကြံ့ခိုင်ရေး အတွက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတက်ရောက်လိုပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Grade-8 အောင်မြင်ပြီး Grade-9 တက်‌ရောက်မည့်သူများ ဖြစ်ရမည်ဖြစ်ပြီး အသက်(၁၃)နှစ်မှ (၁၄)နှစ် အတွင်းဖြစ်ရမည်၊ ကျောင်းသားဖြစ်လျှင် အရပ်(၅)ပေ (၄) လက်မရှိပြီး၊ ကျောင်းသူဖြစ်လျှင် (၅)ပေ (၂) လက်မ ဖြစ်ရမည်ဖြစ်ကာ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ ပညာသင် စရိတ်၊ စားစရိတ်၊ နေစရိတ် များ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ Fitness Dance အကများဖြင့် ကပြဖျော်ဖြေကြရာ ထိုဖျော်ဖြေမှုကို မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉၆ ဦးမှ အလှည့်ကျစနစ်ဖြင့် ပျော်ရွှင်စွာဖြင့် လေ့လာသင်ယူကာ လိုက်လံကပြကြကြောင်းသိရသည်။


ဖြိုးဝေလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)