ဘေးအန္တရာယ်ပေါင်းများစွာကြားက ပြည်သူတွေရဲ့ ဘဝ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘေးအန္တရာယ်ပေါင်းများစွာကြားက ပြည်သူတွေရဲ့ ဘဝ






ယခုလက်တလော မြန်မာပြည် မြောက်ဖျားပိုင်း မြစ်ကြီးနားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်။  စိုးရိမ်ရေမှတ်အထက်ကို များစွာကျော်လွန်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် တချို့နေရာတွေမှာ အိမ်အလုံးလိုက် ကျွတ်ပါ မျောသွားတာတွေကိုတောင် တွေ့မြင်ရပါတယ်။

ရေကြီး ရေလျှံမှုတွေ ဖြစ်တော့မယ်ဆိုတာကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြိုတင် သတိပေးသည့်တိုင်အောင် အများပြည်သူကို ကြိုတင်ရွှေ့ပြောင်း မပေးနိုင်ပါဘူး။ ပြည်သူများကလည်း ဖြစ်ကာမှ ဖြစ်ရော။ ဒီအပေါ်မှာ အာရုံမထားနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် တဖက်မှာ စစ်ဘေးအန္တရာယ်ရှိတယ်။ စားဝတ်နေရေးအတွက်လည်း ရုန်းကန်နေကြရတယ်။

သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာပြီဆိုတော့လည်း ဖုတ်ပူမီးတိုက် စီစဉ်ပြောင်းရွှေ့ကြရတာပါပဲ။ ရေကြီး ရေလျှံမှုတွေကြောင့် အများပြည်သူ ဘေးဒုက္ခကြုံရပြီဆိုတဲ့အချိန်မှာ ရှေ့ဆုံးကနေ ကူညီကယ်ဆယ်ရေးထွက်ရတာတော့ တပ်မတော်သားများပါပဲ။ တပ်မတော်သားတွေ နောက်မှာမှ တခြားသော လူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေပေါ့။

မြန်မာပြည်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာ နှစ်စဉ်လိုလို ဖြစ်နေပြီ။ တစ်နေရာမဟုတ် တစ်နေရာတော့ နှစ်စဉ် ရေကြီးရေလျှံမှုတွေ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်တွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ အချိန်ကစပြီး ကိုဗစ်ကာလအထိ နှစ်စဉ်နှစ်တိုင်း ဆိုသလို စစ်ကိုင်းမှာ ရေဘေးဖြစ်ရင် အောက်ပြည်က ပြည်သူတွေက စုပေါင်းကူညီကြတယ်။ ကရင်၊ မွန် မှာ ရေဘေးဆိုရင်လည်း အခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက သွားရောက် ကူညီကြတယ်။ တိုင်းရင်းသား ပြည်သူများအားလုံးမှာ လူမျိုးရေး၊ ဘာသာရေးအမုန်းတရားဆိုတာ မရှိပါဘူး။ သူ့အပူ ကိုယ်ကူ၊ ကိုယ့်အပူ သူကူ အပြန်အလှန် လေးစားချစ်ခင်မှုနဲ့ ဖေးမကူညီခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ယဉ်ကျေးမှုကို ပြည်ဖျက်မိစ္ဆာတွေက ဖျက်ဆီးလိုက်ကြတယ်။ အာဏာလက်မဲ့ ဖြစ်ခဲ့ရတဲ့ NLD နဲ့ အပေါင်းအပါတွေဟာ ဒီမိုကရေစီအရည်ခြုံ၊ လူ့အခွင့်အရေး အရည်ခြုံပြီး ငါနဲ့မတူ ငါ့ရန်သူလို သဘောထားပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ လိုက်လံ လုပ်ကြံသတ်ဖြတ်နေတာတွေလည်း ရှိတယ်။ အတိုက်အခံ ပါတီဝင်တွေကိုမှ မဟုတ်ဘူး။ သူတို့ကို အားပေးထောက်ခံခြင်း မရှိတဲ့ မည်သူ့ကို မဆို သတ်ဖြတ်နေခြင်းဖြစ်တယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ ပူးပေါင်းပြီး ရက်စက်ယုတ်မာမှုတွေ ကမ်းကုန်အောင် လုပ်ဆောင်လာရာမှာ သံဃာတော်တွေလည်း အသတ်ခံရ၊ ဆရာ/ဆရာမတွေလည်း အသတ်ခံရ ဖြစ်လာတယ်။ 

တဖက်မှာ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ တပ်မတော်အနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ရာမှာလည်း လစ်ဟာမှုတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲများက လိုအပ်ချက်အရ ပြည်သူ့စစ်တွေ ဖွဲ့စည်းဖို့ ပြည်သူလူထုကို စည်းရုံးဆောင်ရွက်ဖို့ လမ်းညွှန်တယ်။ တချို့ အရာရှိတွေက တာဝန်သိစိတ်နဲ့ ပူပေါင်းဆောင်ရွက်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအပေါ်မှာ အမြင်မကြည်ကြဘူး။ လိုအပ်ချက်ကို ဖြည့်ဆည်းမပေးချင်ဘူး။ ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိအောင် ပြက်ရယ်ပြု စော်ကား ဖိနှိပ်ပြောဆိုတာမျိုးတွေလည်း ဝမ်းနည်းဖွယ် ကြားသိရပါတယ်။

အဲဒီလို လူတွေကိုတော့ အာဏာကိုလည်း လက်မလွှတ်ချင်၊ နေရာလည်း မပျောက်ချင်၊ တိုင်းပြု ပြည်ပြုလည်း မလုပ်ချင် တစ်ပို့တည်းသမား ပြည်ဖျက်မိစ္ဆာတွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

မြစ်ကြီးနားမှာ စတင်လိုက်တဲ့ ရေဘေးဟာ မြစ်ကြီးနားတစ်နေရာတည်းမှာ ပြီးမသွားပါဘူး။ ဖားကန့်မှာလည်း ရေကြီးရေလျှံနေပြီဖြစ်သလို တခြားသောမြို့နယ်တွေမှာလည်း သတိပေးချက်တွေ ထုတ်ပြန်လာတာ ရှိပါတယ်။ ကချင်ပြည်နယ်မှာသာမက တခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်များက မြို့နယ်တွေကို ရေဘေးကျရောက်လာအုံးမှာ ဖြစ်ပါတယ်။ မြန်မာပြည်မြောက်ဖျားက ဆင်းလာတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်က မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ခံစားကြရမယ်။ ပင်လယ်ဝကို ရောက်သည်အထိပေါ့။ ပင်လယ်ဝ ရောက်တဲ့အချိန် ပင်လယ်ရေက တောင့်ခံနေရင် ဧရာဝတီတိုင်းသားတွေပါ ရေဘေးကြုံရအုံးမှာ ဖြစ်ပါတယ်။ ဖြစ်ခဲ့တဲ့ သာဓကတွေလည်း ရှိပါတယ်။

အားလုံးသော ပြည်သူတွေ အသိနဲ့ သတိ ယှဉ်တွဲပြီး အမြဲမပြတ် သတိပြုပါ။ မြန်မာလူမျိုးတွေရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာတွေဟာ ပြည်ဖျက်မိစ္ဆာတွေရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် သူဒုက္ခရောက်လို့ ကိုယ်မကူနိုင်၊ ကိုယ်ဒုက္ခရောက်လို့ သူမကူနိုင် အခြေအနေမျိုး ဖြစ်နေပြီ။ ဖြစ်ပေါ်လာသမျှ စစ်ဘေး၊ သဘာဝဘေးအန္တရာယ်တွေကို ကိုယ့်အရပ် ကိုယ့်ဌာနေမှာ ရှိနေတဲ့သူနဲ့ပဲ အဆင်ပြေအောင် ဖြေရှင်းကြမှာ ဖြစ်ပါတယ်။ ဘေးဆိုး၊ အန္တရာယ်ဆိုးမျးမှ ကင်းဝေးအောင် အသိ၊ သတိနဲ့ ဆင်ခြင် သတိပြု၍သာ ဆောင်ရွက်ကြပါ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)