ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်အပန်းဖြေစေရန်အတွက် ကိုယ်ကာယကြံ့ခိုင်မှု အကပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်အပန်းဖြေစေရန်အတွက် ကိုယ်ကာယကြံ့ခိုင်မှု အကပြိုင်ပွဲကျင်းပ




ကျောက်ပန်းတောင်း၊ ဇူလိုင်  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကိုယ်ကာယ ကြံ့ခိုင်မှု အကပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းရှိ အလေးပြုကွင်း မြက်ခင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြိုင်ပွဲမစတင်မီ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ပြိုင်ပွဲကို စတင်ကျင်းပရာ၊ Grade-6 မှ ကျောင်းသား၊ ကျောင်းသူ(၁၀၅)ဦး၊ Grade-7 မှ ကျောင်းသား၊ ကျောင်းသူ (၁၂၆)ဦးနှင့် Grade-8 မှ ကျောင်းသား၊ ကျောင်းသူ(၁၀၈)ဦးတို့က အလှကမ္ဘာမြေသီချင်းဖြင့် အတန်းလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူလေးများက ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲကို အမှတ် ပေးဒိုင်အဖြစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြပြီး၊ အကပြိုင်ပွဲတွင် ကျွမ်းကျင်လိမ္မာမှု၊ ပူးပေါင်းပါဝင်မှု၊ တက်ကြွဖျတ်လတ်မှု၊ ဝတ်စားဆင်ယဉ်မှု၊ တင်ဆက်ပြသပုံ ကောင်းမွန်မှုတို့ကို အမှတ်ပေးခဲ့ကြပြီး ဆုရရှိသည့်အတန်းများကို သောကြာနေ့ တန်းစီချိန်တွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


နေအောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)