တနင်္သာရီ၊ ဇူလိုင် ၃၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ယမန်နေ့ နံနက်ပိုင်းက ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ဗောဓိကမ်းကျေးရွာ၌ လူနေအိမ်နှစ်လုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ဗောဓိကမ်းကျေးရွာရှိ ဦးတင်ဝင်း၏ အလျား(၂၀)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၁၈) ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံးနှင့် ဦးသောင်းဇော်ဟိန်း၏ အလျား(၂၀)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၁၆)ပေရှိ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံးတို့မှာ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည်။ နေအိမ်များပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ ပြိုကျပျက်စီးနေအိမ်များမှ မိသားစုဝင်များအား ဗောဓိကမ်း ကျေးရွာဘုန်းကြီးကျောင်း ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၌ နေရာချထားပေးကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း
#MyanmarNationalPost
No comments:
Post a Comment