မြင်းခြံခရိုင် ပြန်/ဆက်ရုံး၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံခရိုင် ပြန်/ဆက်ရုံး၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ ကျင်းပ





မြင်းခြံ  ၊ ဇူလိုင် ၂


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နေ့လည် (၁) နာရီ အချိန်က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။


 “ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုအဖြစ် မြန်မာအမျိုးသမီးများ လေးစားအားကျ အတုယူသင့်သော ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများအကြောင်းနှင့် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ မြန်မာအမျိုးသမီးများနေ့ သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ယ‌နေ့ခေတ် မြန်မာအမျိုးသမီးများ မည်သို့ပြုမူနေထိုင်ရမည့်အကြောင်းကို ဗဟုသုတရဖွယ်ရာ အကြောင်းအရာများကို ယနေ့ ခေတ် လူငယ်များ လေ့လာသိရှိပြီး အတုယူလိုက်နာစေရန် ရည်ရွယ်ပြီး ယခုလို ပြိုင်ပွဲလေး ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်က ပြောသည်။


အဆိုပါ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့နှင့် ဝန်ထမ်းများက တက်ရောက်ကြည့်ရှုခဲ့ကြ ပြီး အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။                                             


ကျော်စွာ(မြင်းခြံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)