ကယားပြည်နယ်ဝန်ကြီးချုပ် အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သော ပြည်သူများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သော ပြည်သူများအား ကြည့်ရှုအားပေး





လွိုင်ကော်၊ ဇူလိုင် ၃၁

ကယားပြည်နယ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများအား ရှင်းလင်းလျက်ရှိရာ ယခုအခါ လွိုင်ကော်မြို့တွင် တည်ငြိမ်အေးချမ်းလျက်ရှိပြီး ‌ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက် အခြေချနေထိုင်လျက်ရှိသည်။

ထိုကဲ့သို့ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာဖြင့် ကူးသန်းရောင်းဝယ်နေမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် နယ်မြေရှင်းလင်းနေမှုများကို မနာလိုမရှုစိမ့်သော KNDF/ KNPP/ PDF အမည်ခံသောင်းကျန်းသူများသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်ပျက်စီးစေပြီး စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်ကာ လွိုင်ကော်မြို့တည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ရက်စက်ယုတ်မာစွာဖြင့် (၂၉-၇-၂၀၂၄)ရက်နေ့ ည ၂၁၀၀ နာရီတွင် လူနေရပ်ကွက်များအတွင်းသို့ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နမ့်ဘော်ဝမ်(က)ရပ်ကွက်ရှိ မဟာမဂ္ဂင်ဘုန်းတော်ကြီးကျောင်း သာသနိက အဆောက်အဦများ ၊ ဘုရားစေတီနှင့် လူနေအိမ်များ‌ ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရ ပြည်သူများအား တာဝန်ရှိသူများက လွိုင်ကော်မြို့ရှိ တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရပြီး တပ်မတော်မှ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက အမှတ်(၇)တပ်မတော် စစ်ဆေးရုံခုတင်(၁၀၀)သို့ သွားရောက်ကာ ဆေးရုံတက်ရောက် ကုသလျက်ရှိသော ဒဏ်ရာရပြည်သူများအားတွေ့ဆုံ၍ ရင်းရင်းနှီးနှီးအားပေးစကားပြောကြားကာ ထောက်ပံ့ငွေ၊ ဆေးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေရှင်းလင်းရေး‌ဆောင်ရွက်ခဲ့စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လှည့်လည်ကြည့်ရှု၍ လူနာတစ်ဦးချင်း၏ ရောဂါအခြေအနေများကို အသေးစိတ်မေးမြန်းကာ အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေ၊ ဆေးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တပ်မတော်စစ်ဆေးရုံရှိ လူနာများနှင့် တပ်မိသားစုဝင်များအတွက် အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လွိုင်ကော်မြို့ တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်မှုမရှိသော မြို့ရွာ/ရပ်ကွက်များ အတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ဇွန်လ (၄) ရက်နေ့တွင် ပြည်သူ့ဆေးရုံကြီးအားလည်းကောင်း၊ ဇူလိုင်လ (၄) ရက်နေ့တွင် နည်းပညာတက္ကသိုလ်(လွိုင်ကော်)၊ လောဓမ္မရပ်ကွက်၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်များအတွင်းသို့ ရက်စက်ယုတ်မာစွာ လူမဆန်သောလုပ်ရပ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ၏ နေအိမ်များနှင့် အပြစ်မဲ့ပြည်သူ (၁၃) ဦး ထိခိုက်သေကြေပျက်စီးခဲ့ရပြီး ဒေသခံပြည်သူများမှ အကြမ်းဖက်သောင်းကျန်းသူများအား ပြင်းပြင်းထန်ထန် ကန့်ကွတ်ရှုတ်ချ လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)