ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အချင်းဖြစ်မြေနေရာကိစ္စ မင်းမဲ့စရိုက်ဆန်ဆန် လာရောက်ခြိမ်းခြောက်နေမှုများအား ရန်ကုန်မြို့တော်ဝန်ထံ ထပ်မံတိုင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အချင်းဖြစ်မြေနေရာကိစ္စ မင်းမဲ့စရိုက်ဆန်ဆန် လာရောက်ခြိမ်းခြောက်နေမှုများအား ရန်ကုန်မြို့တော်ဝန်ထံ ထပ်မံတိုင်ကြား





ရန်ကုန်၊ ဇူလိုင် ၃၀

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ်(၂၂၉) အချင်းဖြစ်မြေနေရာကိစ္စနှင့် ပတ်သက်၍ ဒေါ်ခင်ခင်စိုးအား မြေချပါမစ်ထုတ်ပေးထားခြင်းကို ဖျက်သိမ်းပေးနိုင်ပါရန် တတိယအကြိမ်တင်ပြခြင်းနှင့် မင်းမဲ့စရိုက်ဆန်ဆန် မိသားစုများအား လာရောက်ခြိမ်းခြောက်နေမှုများနှင့် ပတ်သက်၍ ဦးရဲမင်းသူ က ရန်ကုန်မြို့တော်ဝန်ထံ ထပ်မံတိုင်ကြားထားကြောင်း သိရသည်။

ရန်ကုန်မြို့တော်ဝန်ထံ တင်ပြတိုင်ကြားစာတွင် ဒေါ်ခင်ခင်စိုးမှ ကျွန်တော် ဦးရဲမင်းသူ မိသားစုနှင့် အတူမရှိသည့်အချိန် နေပြည်တော် စစ်ရုံး၌ တာဝန်ထမ်းဆောင်နေချိန်တွင် သူမ၏ အဖေဖြစ်သူ ဦးစိုးမြင့် (ခ) ဦးနာဘာလန် မှ မိသားစုအား ခြိမ်းခြောက်ပြောဆို ရမ်းကားမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဦးစိုးမြင့် (ခ) ဦးနာဘာလန် မှ ၎င်း၏ ကိုယ်စားလှယ်ဖြစ်သူ ဦးမြင့်လွင်နှင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက် စနေနေ့တွင် ရောက်ရှိလာပြီး ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တင်ပြထားသည်ကို တွေ့ရသည်။

ဦးစိုးမြင့် (ခ) ဦးနာဘာလန် က "ကျွန်တော် စည်ပင်လူကြီးတွေဆီ သွားပြီး အခုကိစ္စမှာ စည်ပင်လူကြီးတွေက မပြတ်မသား အမျိုးမျိုးလုပ်နေကြောင်း၊ ကျွန်တော်က ဦးရဲမင်းသူတို့ခြံကို ပေးရင်ပေးလိုက်၊ ကျွန်တော် ခြံအစားပြန်ပေး၊ ဘဏ်မှာသွင်းထားတဲ့ငွေ ပြန်ပေးရမယ်လို့ ပြောပါတယ်၊ စည်ပင်မှ အကြီးအကဲ က ဦးရဲမင်းသူ ကို သူတို့ကိုယ်တိုင်က ခွဲမပေးနိုင်ကြောင်း၊ မင်း ငါတို့ကို ဒီလိုစကားမျိုး ပြောလို့ မရဘူးဆိုပြီး သူ့ကိုတောင် ပြန်အော်လိုက်တယ်လို့ ပြောပါတယ်။ စည်ပင်သာယာမှ လူကြီးမင်းများမှ သူလာရင် အမျိုးမျိုး ပြောကြောင်း" ပြောဆိုသွားခဲ့သည်ဟု သိရသည်။

အဆိုပါ အချင်းဖြစ်မြေနေရာနှင့် ပတ်သက်၍ နစ်နာသူများမှာ မိဘဘိုးဘွားလက်ထက်မှစ၍ စက်မှုလုပ်ငန်းများ လုပ်ကိုင်နေထိုင်ခဲ့ကြပြီး ပိုင်ဆိုင်မှု အထောက်အထား ရရှိရန် အဆင့်ဆင့်တင်ပြမှုများ ဆောင်ရွက်ခဲ့ကြသည်။ ဒေါ်ခင်ခင်စိုး မှ အဆိုပါမြေနေရာတွင် ခြံစည်းရိုးခတ်ထားခြင်းနှင့် ပတ်သက်၍ စည်ပင်မှ ဖျက်မိန့်ထုတ်ဆင့်ထားပြီး လာရောက် ဖျက်သိမ်းခြင်းမရှိသည့်အတွက် တရားစွဲဆိုမည်ဟု ကြားသိထားရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)