တာချီလိတ် ၊ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အထိရောက်ဆုံးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက အဖွင့်အမှာစကားပြောကြားပြီး ဆပ်ကော်မတီများဖြစ်သည့် ဟောပြောပွဲကျင်းပရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး၊ ပညာပေးပြခန်းပြသရေး၊ လုံခြုံရေး၊ သတင်းထုတ်ပြန်ရေးနှင့် ရန်ပုံငွေရှာဖွေရေးဆပ်ကော်မတီတို့က အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment