ပွင့်ဖြူမြို့နယ်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး



ပွင့်ဖြူ၊ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်နှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကြုံတွေ့လာနိုင်မည့် ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့၊ နံနက်ပိုင်းက မြို့နယ်သဘာဝဘေးအန္တရာယ် လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကျေးရွာနေပြည်သူများကို သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ဧရာဝတီမြစ်ကမ်းဘေးနှင့် မုန်းချောင်းဘေးတစ်လျှောက် ကျေးရွာများဖြစ်သည့် ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာ၊ ရွာသာညွန့်ကျေးရွာ၊  ရွှေလှေကျေးရွာအုပ်စု၊ ဖိုးပေါက်စုကျေးရွာများသို့ သွားရောက်၍ ကျေးရွာနေပြည်သူများကို တွေ့ဆုံကာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုကျခြင်း ဘေးအန္တရာယ်များ ကျရောက်လာနိုင်သည့်အတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေး  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရေး၊ ဘေးအန္တရာယ်ကျရောက်သည့်အချိန်၌ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရှာဖွေကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ရေကြီးရေလျှံမှုနှင့် မြေပြိုကျခြင်း ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကျေးရွာနေပြည်သူများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာနိုင်ရေး (Hand Speaker)ဖြင့် ကျေးရွာများအတွင်းသို့ လှည့်လည်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)