၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု “စာစီစာကုံးပြိုင်ပွဲ” ပြင်ဦးလွင်မြို့တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု “စာစီစာကုံးပြိုင်ပွဲ” ပြင်ဦးလွင်မြို့တွင် ကျင်းပ



ပြင်ဦးလွင်  ၊  ဇွန် ၁

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်ကျင်းပသည့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို  ယမန်နေ့နံနက် ၉ နာရီတွင် ပြင်ဦးလွင်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ၏ အခန်းကဏ္ဍမှာအလွန်အရေးပါပြီး အမျိုးသမီးများသည် မိသားစုတာဝန်များသာမက နိုင်ငံတော်ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးတို့အပါအဝင် အရေးပါသောကဏ္ဍများမှ ဘက်စုံပါဝင်ထမ်းဆောင်လျက်ရှိသည်ကိုတွေ့ရှိရသဖြင့် အမျိုးသမီးများ၏ ဦးဆောင်မှုများတိုးမြှင့်လာစေရန်ရည်ရွယ်၍ အဆိုပါအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်  “မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်” ခေါင်းစဉ်ဖြင့် ကျောင်းသူ ၆၅ ဦးကလည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “ဇူလိုင်(၃)ရက် မြန်မာအမျိုးသမီးများနေ့” ခေါင်းစဉ်ဖြင့် ကျောင်းသူ ၁၃၇ ဦးကလည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူများကို ဇူလိုင်လ ၃ ရက်နေ့ မြန်မာအမျိုးသမီးများနေ့တွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲသို့ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ချိုဇင်သန့်နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာထွန်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာရွှေစင်အိ ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြင်ဦးလွင်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စာစီစာကုံးပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဒါနမုန့်နှင့် အချိုရည်များ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။


ဖြူလူသစ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)