မြန်မာ−တရုတ် နှစ်နိုင်ငံအကြားတည်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှုအခွင့်အလမ်းများနှင့် အေးအတူပူအမျှ အသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ−တရုတ် နှစ်နိုင်ငံအကြားတည်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှုအခွင့်အလမ်းများနှင့် အေးအတူပူအမျှ အသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေး





ကူမင်း၊ ဇူလိုင်လ ၂၆

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးထွန်းအုံ တို့ ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ရောက်ရှိစဉ် ၂၃−၇−၂၀၂၄ ရက်၊ ၁၁၀၀ နာရီတွင် တျန်းချီ (Dianchi) အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲ စင်တာရှိ အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ (၁၄)ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ တင်းကျုံ့လီ ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးမှုတွင် မြန်မာ−တရုတ် နှစ်နိုင်ငံအကြားတည်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှုအခွင့်အလမ်းများနှင့် အေးအတူပူအမျှ အသိုက်အဝန်းဖော်ဆောင်ရေးကိစ္စ၊ အဆင့်မြင့်အရာရှိကြီးများ၏ အပြန်အလှန် ခရီးစဉ်များ ပိုမိုပြုလုပ်သွားရေးကိစ္စ၊ နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားဖော်ဆောင်နိုင်မည့် စီမံကိန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရေးကိစ္စ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် အပြုသဘောဆက်လက်ကူညီသွားရေးကိစ္စ၊ မြန်မာ−တရုတ် နယ်စပ်ဒေသ တစ်လျှောက် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပုံမှန်ပြန်လည်ပြုလုပ်သွားရေးကိစ္စ တို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။ 

မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဆိုပါနေ့ ညနေ ၁၇၀၀ နာရီတွင် ဟိုင်းကန်းဥယျာဉ် ဟိုတယ် (Haigeng Garden Hotel) ၌ တရုတ်ပြည်သူ့ကွန်ဂရက်၊ ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ယွိပေါ် ဦးဆောင်သည့် ယူနန်ကိုယ်စားလှယ်အဖွဲ့နှင့်လည်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေး၌ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဖော်ဆောင်သွားရေးအတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မစ္စတာ ဝမ်ယွိပေါ် က မြန်မာကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)