ရန်ကုန် ၊ ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်နည်းသင်တန်းကို ဇူလိုင်လ (၂၄) ရက်နေ့က မှော်ဘီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စုတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်နိုင်ဦးက ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးစီမံကိန်း ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များ၊ စီမံကိန်း၏အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လိုအပ်သောစက်ပစ္စည်းများ ထောက်ပံ့ပေးမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီဌာန ခရိုင်ဦးစီးမှူးဦးရဲဇော်ထွန်းက သင်တန်းသားများ(ကိုယ်စား) သင်တန်းသားတစ်ဦးကို သင်တန်းသုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းတွင် အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်နည်းများကို ဇူလိုင်လ (၂၄)ရက်နေ့မှ ဩဂုတ်လ(၇)ရက်နေ့အထိ (၁၅)ရက်ကြာ၊ စာတွေ့(၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား(၁၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)
https://t.me/MyanmarNationalPost
No comments:
Post a Comment