မင်းကင်း၊ ဇူလိုင် ၂၇
မင်းကင်းမြို့နယ်တွင် အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးအတွက် တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် ပြည့်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် လက်နက်ခဲယမ်း ဖြည့်တင်းဆောင်ရွက်ပေးရန် တင်ပြထားသော်လည်း မရသေးကြောင်း ဆက်သွယ်ပြောဆိုသည်။
ဒေသခံတစ်ဦးက "ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအတွက် လက်နက်ခဲယမ်းဖြည့်တင်းပေးဖို့ တင်ပြထားပါတယ်။ ကျမလာသေးဘူး။ အခုက မြို့ပတ်လည်မှာ PDF, KIA က အခြေပြုခိုအောင်ပြီး မြို့သိမ်းတိုက်ပွဲဆိုတာမျိုး အသံထွက်နေတာလည်း ရှိတယ်။ ပြည်သူ့စစ်တွေအတွက် လက်နက်ခဲယမ်းက လိုအပ်နေတယ်။ အရန်အင်အားတွေကို မတပ်ဆင်ပေးနိုင်သေးဘူး။ လက်တလောမှာလည်း ဖြစ်လာပြီဆိုရင် သူတို့က မီတာ ၈၀၀ ကနေ ပစ်နိုင်တယ်။ ကိုယ်တွေက မီတာ ၄၀၀ လောက်အထိပဲ ပစ်နိုင်တယ်။ မင်းကင်းမြို့နယ်အတွင်းမှာ ရောက်နေတဲ့ PDF က မင်းကင်းထဲကချည်းမဟုတ်ဘူး။ ရေဦး၊ တန့်ဆည်ဘက်က PDF တွေပါ တောကောင်းတော့ လာခိုနေကြတာမျိုးဖြစ်ပါတယ်။" ဟု ပြောသည်။
အချို့သော ဒေသများတွင် အကြမ်းဖက်ဘေးအန္တရာယ် ပူးပေါင်းကာကွယ်ရေး ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းပေးထားသော်လည်း လက်နက်ခဲယမ်းများ အချိန်မီချထားပေးနိုင်ခြင်း မရှိသောကြောင့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို ခံခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment