ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမှု အခြေအနေအား တာဝန်ရှိသူများက လိုက်လံနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမှု အခြေအနေအား တာဝန်ရှိသူများက လိုက်လံနှိုးဆော်





ညောင်ဦး၊ ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၁၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၁၀ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၀ စင်တီမီတာသာလိုတော့ကြောင်း ညောင်ဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်နေမှုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ မြစ်ရေကျမှုအခြေအနေများအား နေ့စဉ်သတင်း ထုတ်ပြန်ပေးနေပြီး၊ ယနေ့ ဇူလိုင် ၉ ရက်နေ့နံနက် ၇ နာရီခွဲအချိန်က ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်စီမံအဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်၊ ညောင်ဦးမြို့နယ် ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့် သန္ဓေ/အရန်ဝန်ထမ်းများက မြစ်ကမ်းနားတစ်လျှောက်ရေဝင်မှုအခြေအနေများ၊ ရေဝင်ရောက်မှုကြောင့် ရေဘေး ရှောင်စခန်းသို့ပြောင်းရွေ့သယ်ဆောင်နေမှုများနှင့် မြစ်ရေဝင်ရောက်လာ၍ ပြောင်းရွေ့နိုင်ရေးတို့အား ကြည့်ရှုစစ်ဆေးခြင်းနှင့် မြစ်ကမ်းဘေးရေဝင်ရောက်သည့် ရပ်ကွက်များရှိ ပြည်သူများအား Speed Boat နှင့် လှည့်လည်၍ မြစ်ရေကြီးမှု အခြေအနေအား Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)