ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့



ဘားအံ၊ ဇူလိုင် ၂၇

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာထက်ကျော်လွန်ပြီး မြစ်ရေလျှံတက်မှုဖြစ်ပွား၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါရေဘေးသင့်နေရာမှ ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် မိုးလုံလေလုံအားကစားရုံ၊ ကြားတောရဘုန်းကြီးကျောင်း၊ အ-ထ-က(၁)မြကြေးမုံဆောင်၊ ရွှေယဉ်မျှော်ဘုရား၊ အစ္စလာမ်ပရဟိတကျောင်း၊ အ-ထ-က(၃)အားကစားခန်းမ၊ အ-ထ-က(ခွဲ-၃)ကျောင်း၊ အ-မ-က(၇)နှင့် ပြည်နယ်ကမ္မဌာန်းကျောင်းနေရာများသို့   ပြောင်းရွှေ့နေရာချထားလျက်ရှိကာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဒေသခံတိုင်းရင်းသားများများမှ ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် ဇူလိုင်လ(၂၇)ရက်နေ့အထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၉)ခု ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု(၁၁၃၄)စု၊ ကျား(၂၅၄၄)ဦး၊ မ(၂၇၆၉)ဦး စုစုပေါင်းလူဦးရေ(၅၃၁၃)ဦး ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)