ရေဖြူ၊ ဇူလိုင် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ဇူလိုင် ၂၃ ရက်မှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဇူလိုင် ၂၅ ရက်နေ့တွင် ကားလမ်းများနှင့် အနိမ့်ပိုင်း ရပ်ကွက်ကျေးရွာများသို့ ရေများဝင်ရောက်ခဲ့ပြီး အမြင့်(၃)ပေမှ (၆)ပေအထိရှိခဲ့ကာ ဇူလိုင် ၂၈ ရက်နေ့၌ မြို့ထဲအချို့နေရာများတွင် မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထားဝယ်မြစ်ရေ မြင့်တက်ပြီး ရပ်ကွက်/ကျေးရွာများအတွင်း မြစ်ရေဝင်ရောက်မှုများကြောင့် ဒေသခံပြည်သူများ သွားလာရအဆင်ပြေစေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက လူသွားလမ်းများပေါ် ကြိုးတန်းပေးခင်း၊ ဖိုင်ဘာစက်လှေဖြင့် ကူးပို့ပေးခြင်း၊ ပစ္စည်းများပြောင်းရွှေ့ပေးခြင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လူနှင့်တိရစ္ဆာန် သေဆုံးမှုမရှိကြောင်း၊ ဇူလိုင်လ ၂၈ ရက်နေ့အထိ ရွှေ့ပြောင်းပေးရသည့် အိမ်ထောင်စုများ မရှိသေးကြောင်းသိရသည်။
ခတ္တာ
#MyanmarNationalPost
No comments:
Post a Comment