ရွှေတောင်မြို့၊အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူ ရေး အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့၊အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူ ရေး အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်




ရွှေတောင်   ၊ ဇူလိုင်- ၁၀

လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဇူလိုင်လ ၉ ရက်နေ့  နံနက်ပိုင်းက ရွှေတောင်မြို့ အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်း ကျောင်း ၊ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရွှေတောင်မြို့နယ်၊  မြို့နယ်ပညာ‌ရေးမှူး  ဦးကျော်ဦးက အမှာစကားပြောကြားခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်နှင့်စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ် နီနီဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

       ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး

ဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်ငြိမ်းငြိမ်းသန့် နှင့် အထက်တန်းပြဆရာမ ဒေါ်ဥမ္မာညွန့်တို့က  ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး Grade-10 မှ မဝတီထွန်းလင်းက လူငယ်နှင့်အပေါင်းအသင်း၊     မမေဘုန်းမြင့်မိုရ်က လူငယ်နှင့် အချိန်၊ Grade-11 မှမောင်လင်းထက်ဇော်က လူငယ်နှင့် ကျန်းမာရေး၊ Grade-11ကျောင်းသူ မစုမြတ်‌ဇော် က  လူငယ်နှင့် ပညာရေး၊ Grade-11 မှမောင်စစ်နိုင်ဦးက  လူငယ်နှင့်စာဖတ်ခြင်း စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက်သိရှိလိုသည်များအားမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးကြသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

       ထို့နောက် ဦးဆောင် ဆွေးနွေးပေးသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကို တက်ရောက် လာကြသောကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)