အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

 


နေပြည်တော်၊ ဇူလိုင် ၁၂

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ငါးမျိုး စိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရဝဏ်အတွင်း၌ ကျင်းပသည်။

ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ကန်အမှတ် (၁) ၌ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၇၅၀၀ နှင့် ထိုင်းငါးခုံးမသားပေါက်ကောင်ရေ ၇၅၀၀ စုစုပေါင်း ငါးသားပေါက် ကောင်ရေ ၁၅၀၀၀ စိုက်ထည့် ခြင်းအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဇနီး၊ ဒုတိယ ဝန်ကြီးများနှင့်ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ငါးသားပေါက်များ စိုက်ထည့်ပေးကြသည်။

ထို့နောက် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) (B) (C) ရှေ့၌ ရတနာတန်းဝင်အပင်များဖြစ်သည့် ကျွန်းနှင့် ပျဉ်းကတိုး ပျိုးပင် ၁ဝ၀၀ ကို ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက ပျိုးပင်များ ဦးဆောင်စိုက်ပျိုးပြီး အရာထမ်း/ အမှုထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရန်၊ သစ်ပင်/ သစ်တောများ မပြုန်းတီးစေရန်နှင့် ရာသီဥတုကို မျှတကောင်းမွန်စေရန် ရည်ရွယ်၍ WUNNA THEIKD I SPORTS COMPLEX အတွင်း ၂၀၂၁ ခုနှစ် တွင် ပထမအကြိမ်အဖြစ် စိန်တလုံး သရက်ပင် ၅၀၀၊ ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် စိန်တလုံးသရက်ပင် ၆၀၀ ၊ ၂၀၂၃ ခုနှစ်တွင် တတိယအကြိမ်အဖြစ် စိန်တလုံး သရက်ပင် ၁၃၀၀၊ ယခု ၂၀၂၄ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် ကျွန်း ပင် ၅၀၀ နှင့် ပျဉ်းကတိုးပင် ၅၀၀ စုစုပေါင်းပျိုးပင် ၁၀၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)