လက်ပံတန်း ၊ ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၂၈ ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ဇူလိုင် ၉ ရက်အထိ ကျေးရွာအုပ်စု ၆ အုပ်စု မိုးစပါးစိုက်ဧက ၄၁၃၉ အတွက် ချေးငွေပေါင်း ကျပ်သိန်း ၆၂၀၈ ဒဿမ ၅၀ ထုတ်ချေးပြီးစီးကြောင်းသိရသည်။
လက်ပံတန်းတစ်မြို့နယ်လုံးအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်း ၅၅၀၀၀ ထုတ်ချေးရန်လျာထားကြောင်း၊ ယခုနှစ်တွင် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်ပျက်စီးမှုကို အာမခံပေးနိုင်ရေးအတွက် အာမခံဌာနနှင့်ပူးပေါင်း၍ သီးနှံအာမခံထားရှိမှုကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် မိုးစပါး ၁၀၁၈၃၈ ဧက စိုက်ပျိုးရန်လျာထားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ တောင်သူများထံ သွားရောက်ကွင်းဆင်းပြီး မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး နည်းပညာဖြန့်ဝေဆောင်ရွက်လျက်ရှိရာ အစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းတို့ဖြင့် ၃၄၅၉၅ ဧကစိုက်ပျိုးပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment