ပဲခူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲ ကျင်းပ

ပဲခူး ၊  ဇူလိုင်  ၁၁

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ယနေ့ခေတ်လူငယ်များ အတုယူအားကျမှုရှိစေရန်နှင့် နိုင်ငံတော်အတွက် အားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပဲခူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ချစ်ချစ်သန်းက "အာဇာနည်နေ့နှင့် ကျွနုပ်တို့တာဝန်" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့နိုင်မောင်က "ဗိုလ်ချုပ်၏ စံပြုရမည့် ကောင်းမြတ်သောအရည်အသွေး ၁၀ ချက်" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဟောပြောခဲ့သည်။ 

ယင်းနောက် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်အတွက် သုတရသ စာအုပ်၊ စာစောင်များအား ခရိုင်ဦးစီးမှူး ဒေါ်ချစ်ချစ်သန်းက လှူဒါန်းခဲ့ရာ စာကြည့်တိုက်မှူး အထက်တန်းပြဆရာမ ဒေါ်နီလာချိုက လက်ခံရယူပေးခဲ့ပြီး ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် (၇၇)နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲတို့အား ဆက်လက်ကျင်းပခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာနည်နေ့နှင့် ပတ်သက်သည့် သုတ/ရသ စာအုပ်စာစောင်များနှင့် နရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)