မြစ်သားမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများကျင်းပ




မြစ်သား  ၊ ဇူလိုင်  ၁၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နေရှင်နယ်ပရဟိတ ဘုန်းတော်ကြီး သင်အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများကကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့ကို အမှတ်တရရှိစေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့်ပြပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က (၇၇)နှစ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များ၊ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိ အကြောင်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် ဟောပြောခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများကျင်းပရာတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၈) ဦးမှ  “အောင်ဆန်းဇာနည်” ကဗျာခေါင်းစဉ်ဖြင့် ကဗျာရွတ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ကြပြီး အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၆)ဦးက “ကျောင်းသားနှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။ ဆုရရှိသည့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ဝါဝါမြင့် ( မြစ်သား )

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)