ပေါင်မြို့နယ်၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြသခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြသခြင်းများဆောင်ရွက်






ပေါင်၊ ဇူလိုင် ၁၀

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊နံရံကပ်စာစောင်ပြသ ခြင်းကိုယနေ့ မွန်းလွဲ ( ၂ )နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အာဇာနည်နေ့  ဖြစ်ပေါ်လာပုံအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ထို့ပြင်ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများက စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ‌အမက (လွန်)ကဒါကမ်းနား ကျောင်းဆရာမ က အာဇာနည်နေ့ အတွက် ပုံပြင်‌ပြော၊ကဗျာရွတ်၊စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဟောပြောပွဲများကိုပြုလုပ်ပေးသည့် ဌာန ကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။ထို့နောက် ကျောင်းသား၊‌   ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ပြီး အာဇာနည်နေ့ နှင့်ပတ်သတ်သည့် နံရံကပ်စာစောင်များကိုကြည့်ရှု့ခဲ့ကြောင်းသိရသည်။


မွန်မလေး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)