ကျောင်းကုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိ အောင်သင်ကြားပေးသော ဆရာ/မ များအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိ အောင်သင်ကြားပေးသော ဆရာ/မ များအား ဂုဏ်ပြုချီးမြှင့်



ကျောင်းကုန်း  ၊     ဇူလိုင်     ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆု ရရှိခဲ့သောကျောင်းများ၊ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့ကြသည့် ဆရာ/မများအားဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို အ.ထ. က(၁)၊ ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း က ယခုနှစ်မှာ ဝိဇ္ဇာဘာသာတွဲ၌ နိုင်ငံတော်အဆင့်(၇)ရရှိခဲ့တာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့သူများဟာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးမှတဆင့် နိုင်ငံ့ဂုဏ် ဆောင်နိုင်အောင် ဆက်လက်ကြိုးစားကြဖို့ ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့် က အခုချီးမြှင့်တဲ့ဆုဟာ သာမန်ဆုများမဟုတ်ဘူး၊ ကြိမ်ဖန်များစွာဖတ်ပါ၊ မှတ်ပါ၊လေ့ကျင့်ပါဟု တိုက်တွန်းပြောကြားသွားခဲ့သည်။


ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က ဝိဇ္ဇာဘာသာတွဲ၌ နိုင်ငံတော်အဆင့်(၇)၊ တိုင်းဒေသကြီးအဆင့်(၃)ရရှိသူ၊ (၆)ဘာသာဂုဏ်ထူး ရှင်နှင့်(၅) ဘာသာဂုဏ်ထူးရှင်များအား ဆုများချီးမြှင့်ခဲ့သည်။ (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။


အောင်ချက်အကောင်းဆုံး (အ.ထ.က)ကျောင်းများ၊ အ.ထ.က(ခွဲ)ကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအားလည်းကောင်း၊ ဂုဏ်ထူးရရှိအောင်သင်ကြား ပေးသော ဆရာ/မများအားလည်းကောင်း ဆုချီးမြှင့်ခဲ့ကြပြီး၊ အခမ်းအနားကို ဇာတိမာန်သီချင်း သီဆို ရုပ်သိမ်းခဲ့သည်။


ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဖြေဆိုသူ(၇၉၀) ဦးတွင် အောင်မြင်သူ(၅၀၆)ဦးရှိသဖြင့် ရာခိုင်နှုန်း(၆၄.၀၅)%ရှိကြောင်း၊ ဝိဇ္ဇာဘာသာတွဲ၌ နိုင်ငံတော်အဆင့် (၇)၊ တိုင်းဒေသကြီးအဆင့်(၃)ရရှိသူ(၁)ဦး၊ (၆)ဘာသာ(၁)ဦး၊ (၅)ဘာသာ(၃)ဦး၊ (၄)ဘာသာ(၆)ဦး၊ (၃)ဘာသာ(၉) ဦး၊ (၂)ဘာသာ(၃၄)ဦး၊ (၁)ဘာသာ (၇၅)ဦး၊ ဂုဏ်ထူးရှင် စုစုပေါင်း(၁၂၈)ဦး ရရှိခဲ့ ကြောင်းသိရသည်။


ဝင်းကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)