ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်




စစ်တွေ၊ ဇူလိုင် ၁၅

ရခိုင်ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၃၅ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာ ရရှိရေးအတွက် အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများကို ကြီးကြပ်ပံ့ပိုးဆောင်ရွက်နိုင်ရန် အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ကိုလည်း အဖွဲ့ဝင် (၁၃) ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ အခွန်အခများတိုးတက်ရရှိရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အခွန်ငွေပမာဏတိုးမြှင့်စည်းကြပ်ခြင်းထက် အခွန်နယ် ပယ်ချဲ့ထွင်၍ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ ပြည့်ပြည့်ဝဝရရှိအောင် ကောက်ခံရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ကောက်ခံရမည့်အခွန်များ၊ ဒေသအတွင်းရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးများက ကောက်ခံပေးရမည့်အခွန်များ၊ ဝန်ဆောင်မှု(၅)မျိုးနှင့် အခြားကောက်ခံရမည့် အခွန်များကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် ရခိုင်ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့က အခွန်ကောက်ခံသည့် သက်ဆိုင်ရာဌာနများကို တည်ဆဲအခွန်ဆိုင်ရာဥပဒေများနှင့်အညီ အခွန် ကောက်ခံမှုဖြစ်စေရေး ကြပ်မတ်ပေးရန်နှင့် အခွန်ကောက်ခံမှုတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီပေးရန် လိုအပ်ပြီး အခွန်ထမ်းများ တာဝန်သိသိလိုလားစွာဖြင့် အခွန်ထမ်းဆောင်လာစေရန် ပြည်နယ်အဝန်းစည်းရုံးဆောင်ရွက်ခြင်း၊ လုပ်ငန်းတာဝန်ကို အသုံးပြု၍ အဂတိ လိုက်စားမှုများမဖြစ်ပေါ်စေရေး ကြီးကြပ်ခြင်းစသည့် ကိစ္စရပ်များကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခွန်ကောက်ခံရရှိမှုသည် နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုကို ပုံဖော်ပြောင်းလဲနိုင်သည့် ကဏ္ဍတစ်ရပ်ဖြစ်၍ ရသင့်ရထိုက်သည့် အခွန်များအပြည့်အဝ ကောက်ခံရရှိရေး၊ အခွန်ထမ်းပြည်သူများအတွက် အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ညီညွတ်မျှတသော အခွန်အခများ တိုးတက်ရရှိရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ထွန်းက အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းခဲ့မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ အခွန်စနစ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံနေသည့်အခွန်အမျိုးအစားများနှင့် ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ရန် လျာထားသည့်လုပ်ငန်းများ စသည့် ကဏ္ဍများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ဥပဒေ၊ နည်းဥပဒေပါ ပစ္စည်းခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ အချက်အလက်များအား ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးအကြံပြုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။


တင်ထွန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)