ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ သာမာန်လက်လုပ်လက်စား နွမ်းပါးသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် စေတနာရှင်များ ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ သာမာန်လက်လုပ်လက်စား နွမ်းပါးသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် စေတနာရှင်များ ထောက်ပံ့လှူဒါန်း






ကြံခင်း၊  ဇူလိုင်  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် စေတနာရှင် အလှူရှင်များပူးပေါင်း၍ သာမာန်လက်လုပ်လက်စား နွမ်းပါးသူများအား သွားရောက် ထောက်ပံ့ပေးအပ်ကြသည်။

ဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ထောက်ပံ့လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရွှေတောင်စုရပ်ကွက်ရှိ သာမာန်လက်လုပ်လက်စား နွမ်းပါးသူများ အား ဌာနဆိုင်ရာများ၊ (Book Club) အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အိမ်ထောင်စု ၁ စုလျှင် ဆန် ၆ ဘူး၊ ကြက်ဥ ၃ လုံး၊ ခေါက်ဆွဲခြောက် ၁ ထုပ်၊ ဆား ၁ ထုပ်နှင့်ဟင်းချိုမုန့် ၁ ထုပ် အမယ် ၅ မျိုး တို့အား အိမ်ထောင်စု ၃၅ စုကို အသီးသီး ထောက်ပံ့ပေးအပ်ကြကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း က အိမ်ထောင်စုများကိုယ်စား ကျေးဇူးတင်စကားပြောပြန်လည်ကြားခဲ့သည်။ 

ယင်းနာက်အဆိုပါအဖွဲ့သည် အလားတူ မြို့မရပ်ကွက်၊ ထားဝယ်ကြီးဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု ၂၈ စုအား အိမ်ထောင်စု ၁ စုလျှင် ကြက်ဥ ၃ လုံး၊ ခေါက်ဆွဲခြောက် ၁ ထုပ် နှင့် ဆား ၁ ထုပ် အမယ် ၃ မျိုးကို ထောက်ပံ့ပေးခဲ့သည်။ ၎င်းလှူဒါန်းမှုများကို စေတနာရှင်များ၏ ထည့်ဝင်ငွေများဖြင့် ဆက်လက်ထောက်ပံ့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း Book Club ဖွဲ့ထံမှ သိရသည်။


ဖြိုးဝေလင်း

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)