ကချင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းက လှူဒါန်းငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းက လှူဒါန်းငွေပေးအပ်


 နေပြည်တော်၊ ဇူလိုင် ၅

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းက ငွေကျပ်သိန်း ၃၀ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ၃-၇-၂၀၂၄ ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌဒေါက်တာ ဒေါ်ဝေဝေသာက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကချင်ပြည်နယ် ရေကြီးရေလျှံမှုတွင် စီမံခန့်ခွဲဆောင်ရွက်နေမှုများကို ပြောကြားကာ လှူဒါန်းငွေကျပ်သိန်း ၃၀ ကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

အလားတူ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက ငါးသေတ္တာဘူး ၁၇၅၀၀ ပေးပို့လှူဒါန်းမှုနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့ထောက်ပံ့သော တာပေါ်လင်လိပ်များ၊ အဝတ်အထည်များ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများကို ဇူလိုင် ၃ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် ကချင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ပေးပို့ထောက်ပံ့လျက်ရှိကြောင်း သိရသည်။            


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)