တနင်္သာရီမြစ်ရေကြီးနေမှုကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ် လယ်တောင်ယာကျေးရွာအနီး လမ်းရေကျော်သွားလာမှုပြတ်တောက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြစ်ရေကြီးနေမှုကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ် လယ်တောင်ယာကျေးရွာအနီး လမ်းရေကျော်သွားလာမှုပြတ်တောက်နေ





တနင်္သာရ၊ ဇူလိုင် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(ပထမ)ပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လာပြီး မြို့အဝင်ဆိပ်ခံတံတား ရေမှတ်တိုင်၌ တိုင်းထွာချက်အရ ယမန်နေ့ မွန်းတည့် ၁၂ နာရီက တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်ဖြစ်သည့် (၂၄-ပေ)/ (၇၃၁.၅၂ စင်တီမီတာ) ထက် (၁ ပေ ၁၀ လက်မ)ကျော်လွန်၍ (၂၅ ပေ ၁၀ လက်မ) (၇၇၇.၂၄-cm)အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ တနင်္သာရီမြစ်ရေကြီးမြင့်လာမှုကြောင့် မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့်  ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး၏ မြိတ်-တနင်္သာရီ-ထုံခါးလမ်းပိုင်းအပေါ်ရှိ  တနင်္သာရီမြို့နယ်-ဆင်ခြေဖုန်းကျေးရွာအုပ်စု လယ်တောင်ယာကျေးရွာအနီး ခန့်မှန်းမြေပုံ NP-008336 ခန့် မိုင်တိုင်အမှတ် (၈၄၃.၀) ကီလိုမီတာနှင့် (၈၃၅.၀) ကီလိုမီတာအကြား ကွန်ကရစ်လမ်းမကြီးအပေါ်တွင် ရေအနက် (၄-ပေ)ခန့်နှင့် အလျား (၁၀၀၀ပေ) ခန့် မြစ်ရေကျော်လျက်ရှိရာ မော်တော်ယာဉ် ယာဥ်ကြီး-ယာဥ်ငယ်များ ဖြတ်သန်း၍မရဘဲ သွားလာမှုပြတ်တောက်လျက်ရှိကြောင်း၊ လူ/တိရစ္ဆာန် ထိခိုက်ပျက်စီး၊ သေဆုံးခြင်း မရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်လမ်းဦးစီးဌာန ဦးစီးအရှိ ဦးကျော်သီဟ ဦးဆောင်သည့် ဝန်ထမ်းများက ‌ခရီးသွားမိဘပြည်သူများနှင့် ခရီးသွားမော်တော်ယာဉ်များ အဆိုပါလမ်းမကြီးတွင် လမ်းချော်မှု အန္တရာယ်မဖြစ်စေရေးအတွက် ၎င်းရေကျော်လျက်ရှိသည့် လမ်းမကြီးနံဘေး မြေသားပေါ်တွင် သံငုတ်ရိုက်ဝါးလုံးတန်းထိုးပြီး ရောင်ပြန်ပြား (Sticker) ပြားများကပ်၍ မြင်သာထင်ရှားအောင် လမ်းကြောင်းပြသထားရှိကြောင်း သိရသည်။


နန်းသာရီ-ထိန်ဝင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)