မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့၌ တံတားနှင့် စာသင်ကျောင်းများပျက်စီးမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့၌ တံတားနှင့် စာသင်ကျောင်းများပျက်စီးမှုဖြစ်ပွား




ပိုင်ကျုံ   ၊ ဇူလိုင်  ၂၈


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် တံတားနှင့်စာသင်ကျောင်းများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ပျက်စီးမှုများကို မိကြောင်ကျေးရွာအုပ်စုအတွင်းရှိ မိကြောင်ကျေးရွာနှင့်ဒညင်းကုန်းကျေးရွာ ကြား ဆက်သွယ်ထားသော   အရှည်(၂၂၀)ပေရှိ ကြိုးတံတား(၁)စင်းနှင့် သမိုလာခီးကျေးရွာရှိ အ-မ-က (တမို လာခီး) သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း စာသင်ကျောင်းဆောင်(၁)လုံး၊  ထန်းတပင်ကျေးရွာအုပ်စု ကွီးကျယ် ကျေးရွာရှိ အ-မ-က ကွီးကျယ်စာသင်ကျောင်း၏ အလံတိုင်၊ ဆိုင်းဘုတ်နှင့် နှစ်ခန်းတွဲ အိမ်သာ(၁)လုံးတို့ ရေစီးထဲမျောပါသွားခဲ့ပြီး ပတကျေးရွာအုပ်စု၌ ကော့စူး-လာဒဝယ် ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ အရှည်(၁၅) ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၁၀)ပေရှိ RC သံကူကွန်ကရစ်တံတား၏ ချင်းကပ်လမ်းပျက်စီးခဲ့ကြောင်း၊ အလားတူ အမှတ်(၅)ရပ်ကွက်နှင့်မဲပရကျေးရွာအုပ်စု တနင်းသရော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ  အရှည် (၁၅၀)ပေ၊ အကျယ်(၁၈)ပေ၊ အမြင့်(၂၅)ပေရှိ သံကူကွန်ကရစ်တံတား၏ အောက်ခြေကိုရေတိုက်စားမှုကြောင့် (၁)ပေခွဲခန့်ကျွံကျခဲ့ပြီး ကြက်တူရွေး ကျေးရွာအုပ်စု  အ.လ.က ကြက်တူရွေးစာသင်ကျောင်း၏ အုတ်တံတိုင်း (၁၃၅)ပေခန့်ပြိုကျ ပျက်စီးခဲ့ကြောင်း ယင်းဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်းသိရသည်။


ပိုင်ကျုံမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး အတွက် သဘာဝဘေးအန္တရာယ် ဆပ်ကော်မတီများဖွဲ့စည်းပြီး သဘာဝဘေးနှင့်ပတ်သက်သည့် ထူးခြားဖြစ်စဉ်များ အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်နိုင်ရေးအတွက် မြို့အဆင့်ဌာန ဆိုင်ရာများတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နော်ခူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)