ကရင်ပြည်နယ်ဝန်ကြီးချုပ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေး







ဘားအံ၊ ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ် ရေမှတ် (၇၅၀စင်တီမီတာ)အထက်သို့ ကျော်လွန်ရောက်ရှိလာပြီး ဘားအံမြို့ရှိ မြေနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ မြစ်ရေများ ဝင်ရောက်လာသည့်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကမ်းနားလမ်းတွင် သံလွင်မြစ်ရေစိုးရိမ်ရေမှတ် အထက် ကျော်လွန်ရောက်ရှိလာမှုအခြေအနေ၊ အမှတ်(၅)ရပ်ကွက်၊ မြေနိမ့်ပိုင်းရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၊ အမှတ်(၃)ရပ်ကွက် (Cyclone Shelter)ဆိုင်ကလုန်းရှက်တာ၊ အမှတ်(၁)ရပ်ကွက် မိုးလုံလေလုံအားကစားခန်းမ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမ၊ အမှတ်(၅) ရပ်ကွက် ဆိုင်ကလုန်းရှက်တာတို့တွင် မြေနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များအတွင်း မြစ်ရေဝင်ရောက်သည့် ပြည်သူများအား ယာယီပြောင်းရွှေ့နေရာချထားပေးနိုင်ရေး ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေးနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအလိုက် အနီးကပ်အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ စုဖွဲ့တာဝန်ပေးအပ်ထားမှု အခြေအနေများကို လိုက်လံကြည်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွား၍ စိုက်ပျိုးပြီး မိုးစပါးနှင့်မိုးသီးနှံများ ရေကြီးနစ်မြုပ်ထိခိုက်ခဲ့ပါက တောင်သူများအတွက် ထောက်ပံ့ပေးနိုင်ရန် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ မြေဩဇာဂိုဒေါင်အတွင်း မျိုးစပါး၊ သဘာဝမြေဩဇာများနှင့်ဓာတ်မြေဩဇာများ သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)