ပခုက္ကူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

 



ပခုက္ကူ  ၊ ဇူလိုင် ၂၉


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ‌ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပခုက္ကူခရိုင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ရသည့်အကြောင်းရင်းများ၊ ယင်းဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးမှုလျော့နည်းသက်သာစေရေး ကြိုတင်ကာကွယ်ပြင်ဆင်ရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ရှောင်ရန်/ဆောင်ရန်အချက်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်က မီးဘေးအန္တရာယ်ဖြစ်ပေါ်ရသည့်အကြောင်းရင်းများ၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများ၊ မီးလောင်မှုမဖြစ်ပွားစေရေး ပြည်သူများလိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောကြသည်။


ထို့နောက် ဟောပြောပွဲတက်ရောက်ကြသည့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈)သင်တန်းသူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)