ငပုတောမြို့၌ အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့၌ အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

 



ငပုတော  ၊ ဇူလိုင်  ၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ညှိနှိုင်အစည်းအဝေးသို့ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်သူနှင့်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ ငပုတောမြို့နယ်အတွင်း ရသင့်ရထိုက်သည့် အခွန်ငွေများ လွတ်ကင်းမှုမရှိစေဘဲ အပြည့်အဝ ကောက်ခံရရှိရေးအတွက် တွန်းအားပေးကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ၊ အခွန်ထမ်းများအား အခွန်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်အသိပေးရှင်းလင်းရမည်ဖြစ်ပြီး တာဝန်သိသိလိုလားစွာဖြင့် အခွန်ထမ်းဆောင်လာစေရန် စည်းရုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စည်းကြပ်ကောက်ခံသည့် အခွန်များ၊ လစဉ်ပေးသွင်းရမည့်အခွန်များအား သက်ဆိုင်ရာဌာနများက အပြည့်အဝ ကောက်ခံရရှိရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ် ဆောင်ရွက်ရသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များက လိုက်နာခြင်း ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုဖော်ထုတ်၍ လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခွန်ဘဏ္ဍာငွေများ ပြည့်ဝစွာရရှိရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း” အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ အတွင်းရေးမှူး၊ အထောက်အကူပြုအဖွဲ့ဝင်များက အခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေး ရှင်းလင်းဆွေးနွေးတင်ပြကြရာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


အောင်သူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)