နေပြည်တော်၊ ဇူလိုင် ၂၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင်လ ၂၇ ရက်နေ့ ၁၅၀၀ အချိန် မိတ္ထီလာမြို့၊ အောင်ဆန်းရပ်ကွက်၊ သမုန်းကုန်း(၄)လမ်းတွင် ဇွဲမာန်ဦး(ခ)ချစ်တီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ၁၅၄၀ အချိန် ၎င်းနေထိုင်သည့် မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀၀ ပြားအား လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၇၀၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ ဝင်းထိုက်(ခ)ဝင်းကို အား မိတ္ထီလာမြို့၊ အောင်ဆန်းရပ်ကွက်၊ ကျောက်ဖူးရပ်ရှိ ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားအား လည်းကောင်း၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၅၂၁ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၀.၄၂ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇွဲမာန်ဦး(ခ)ချစ်တီး(၃၁)နှစ်နှင့် ဝင်းထိုက်(ခ)ဝင်းကို(၄၉)နှစ်တို့အား မိတ္ထီလာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment