ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေဝင်ရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေဝင်ရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး





ဗန်းမော်၊ ဇူလိုင် ၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ခွန်သာရပ်ကွက်နှင့် ဆင်ကုန်းရပ်ကွက်သို့ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက မြစ်ရေတိုးဝင်လာပြီး အိမ်ထောင်စုအချို့အား တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဧရာဝတီမြစ်ရေတိုးဝင်လာမှုကြောင့် မြေနိမ့်ပိုင်းတွင် လူနေအိမ်ခြံဝန်းနှင့် လမ်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိသည့်အတွက် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများ အား ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဥက္ကဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတကူညီရေးအသင်းများနှင့် တပ်မတော်သားများက အလက(၁)၊ အမှတ် (၄) မူလွန်ကျောင်း၊ အမှတ် (၃) မူလွန်ကျောင်းနှင့် ဓမ္မိကာရုံကျောင်းများတွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ရွေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၂ ရက် ညနေ ၃ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၁၁၃၂)စင်တီမီတာဖြစ်ပြီး ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်မှာ (၁၁၅၀) စင်တီမီတာဖြစ်ကြောင်း သိရှိရသည်။


ရှိုးသီဟ

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)