မုံရွာမြို့ နန္ဒဝန် ဝန်ထမ်းအိမ်ရာ မြတ်စေတနာအလင်းရောင် စာကြည့်တိုက်နှင့် နန္ဒဝန်မူကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့ နန္ဒဝန် ဝန်ထမ်းအိမ်ရာ မြတ်စေတနာအလင်းရောင် စာကြည့်တိုက်နှင့် နန္ဒဝန်မူကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပ






မုံရွာ၊ ဇူလိုင် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ထောက်ပံ့မှုဖြင့် တိုင်းဒေသကြီး မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မုံရွာမြို့ နန္ဒဝန် ဝန်ထမ်းအိမ်ရာရှိ အရာထမ်း၊အမှုထမ်း ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်မြတ်နိုးပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး နန္ဒဝန်ဝန်ထမ်းအိမ်ရာ မြတ်စေတနာအလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ၂၉-၇-၂၀၂၄ ရက်နေ့က အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက စာကြည့်တိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ရှိန်မြင့်မားရေ ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နန္ဒဝန်ဝန်ထမ်းအိမ်ရာ မြတ်စေတနာအလင်းရောင် စာကြည့်တိုက်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ၊ ပရိဘောဂနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မြင့်မြင့်အောင်က သုတ/ရသ စာအုပ်စာစောင်များကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပရိဘောဂပစ္စည်းများနှင့်ပတ်သကသော မှတ်တမ်းကို လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ထောက်ပံ့ငွေကျပ် ၄၉၈၀၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး‌ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက ဌာနဆိုင်ရာအသီးသီးတို့မှ အလှူခံရရှိငွေ ကျပ် ၁၅၉၀၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး ရ/သုံး မှန်းခြေငွေစာရင်းဌာနမှ ညွှန်ကြား‌ ရေးမှူး ဒေါ်ခင်ဝင်းရီက ဌာနဆိုင်ရာ အသီးသီးတို့မှလှူဒါန်းရရှိသည့် စာအုပ်စာစောင် ၆၁၆ အုပ်ကိုလည်းကောင်းပေးအပ်ရာ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသက်လေးဦး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းနှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းတို့က မြတ်စေတနာ အလင်းရောင်စာကြည်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်စေတနာအလင်းရောင်စာကြည့်တိုက်အတွင်းရှိ သုတရသစာအုပ်စာစောင်များ ထားရှိမှုအခြေအနေနှင့် စာပေလေ့လာဖတ်ရှုနေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယမန်နေ့က ဖွင့်လှစ်သည့် မုံရွာမြို့ နန္ဒဝန်ဝန်ထမ်းအိမ်ရာ မြတ်စေတနာအလင်းရောင်စာကြည့်တိုက်သည် အလျား (၄၀) ပေ၊ အနံ (၂၅) ပေ၊ အမြင့် (၁၆) ပေရှိ သွပ်မိုး၊ အုတ်ကာ၊ သမံတလင်းခင်း အမျိုးအစားဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ် ၁၂ ဒဿမ ၆၂ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ သုတရသ စာအုပ်စာစောင်ပေါင်း (၁၃၀၀) ကျော်ထားရှိကာ နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန္ဒဝန်မူလတန်းကြိုကျောင်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက အဆိုပါကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၁၂၈၀၇၇၅ (ကျပ်တစ်ရာ တစ်ဆယ့်နှစ်သိန်း ရှစ်သောင်းခုနှစ်ရာ ခုနှစ်ဆယ့်ငါး) တိတိကိုပေးအပ်ရာ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က လက်ခံရယူပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နန္ဒဝန်မူလတန်းကြိုကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက နှင့်အဖွဲ့ဝင်များက မူကြိုကလေးငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် မုန့်မျိုးစုံတို့ကိုပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အဆိုပါကျောင်းအတွင်းသို့ လှည့်လည်ကြည်ရှုကာတက်ရောက်လာသော ကလေးမိဘများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြာင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)