တနင်္သာရီတိုင်းဒေသကြီး သယံဇာတ‌ရေးရာဝန်ကြီး မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး သယံဇာတ‌ရေးရာဝန်ကြီး မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်






မြိတ်၊ ဇူလိုင်  ၂၆

တနင်္သာရီတိုင်းဒေသကြီး သယံဇာတ‌ရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းဒေသကြီး တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အထိမ်းအမှတ်အခမ်းအနားတွင် တိုင်းဒေသကြီး သယံဇာတ‌ရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ကမ္ဘာ့ လူသားများ သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးနှင့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ တုံ့ပြန်နိုင်စွမ်း မြှင့်တင်ပေးရေးတို့အတွက် အရေးပါသည့် ကမ္ဘာ့ဒီရေတောများပျက်စီးမှုနှင့်အတူ ဆက်စပ်နေသည့် ဇီဝမျိုးစုံမျိုးကွဲများ၊ ငါး၊ ပုစွန်၊ ဂဏန်းများနှင့် ၎င်းတို့ရဲ့ နေရင်းဒေသများ ပြုန်းတီးလာမှုများကို စနစ်တကျ ထိန်းသိမ်း တည်ထောင်ရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် ဒီရေတောအများဆုံးပိုင်ဆိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ကမ်းရိုးတန်းဒေသများတွင် လူဦးရေတိုးပွားလာခြင်း၊ ဒီရေတောများနှင့် ကမ်းရိုးတန်းဒေသ သစ်တောများ ပျက်စီးခြင်း၊ ငါးအလွန်အကျွံဖမ်းဆီးခြင်း၊ ကမ်းရိုးတန်းဒေသ ခရီးသွားလုပ်ငန်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ဆက်စပ်ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း၊ သယံဇာတနှင့် သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကြောင့် အဏ္ဏဝါ ညစ်ညမ်းခြင်း၊ မြစ်ညာဒေသရှိ ရေဝေရေလဲ ဒေသများ လျော့ပါးပျက်စီးလာခြင်းစသည့် ပြဿနာရပ်များ ကြုံတွေ့နေရမှုကို ဖြေရှင်းနိုင်ရန်အတွက် သယံဇာတများ ထိန်းသိမ်းရေးနဲ့ အသုံးပြုသူများအကြား ထိန်းညှိပေးပြီး ဟန်ချက်ညီညီဖွံ့ဖြိုးစေဖို့ အလေးထား စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က “မြန်မာနိုင်ငံ ဒီရေတော ဂေဟစနစ်များ ထိန်းသိမ်းရေး အားလုံးပါဝင် ဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့်ဆွေးနွေးပြောကြားပြီး မြိတ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာချယ်ရီအောင်က “တနင်္သာရီတိုင်းဒေသကြီးတွင် တွေ့ရှိရသော ဒီရေတောသစ်ပင်အမျိုးအစားများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် "ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထု အသိပညာမြှင့်တင်ပေး" ဆောင်ပုဒ်ဖြင့် ပညာပေးဗီဒီယိုပြသရာ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိတ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးမိုးလွင်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အခမ်းအနားအပြီးတွင်  ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာ ပိုစတာများ၊ ဒီရေတောသစ်မျိုးအပင်ငယ်၊ အသီးအပွင့်နှင့် ဒီရေတောထွက် လူသုံးကုန်ပစ္စည်းများအား ပြသထားသည့် ပညာပေးပြခန်းအား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)