ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မီးရထားသံလမ်း ရေနစ်မြှုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မီးရထားသံလမ်း ရေနစ်မြှုပ်


ကျိုက်ထို၊ ဇူလိုင် ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် သိမ်ဇရပ်မြို့၊ အမှတ်(၄) ရပ်ကွက်ကြီး၊ နဝရတ်ရပ်ကွက်အနီး၊ ရန်ကုန်-မော်လမြိုင်မီးရထားလမ်းမိုင်တိုင်အမှတ်(၇၇/၁၈)နှင့်(၇၇/၂၂)အကြား မီးရထားသံလမ်း အရှည်(၅၀၀)ပေခန့်၊ အနက်(၂)ပေခန့်မှာ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။ 

အဆိုပါ မီးရထားသံလမ်းရေနစ်မြုပ်နေမှုကြောင့် ရန်ကုန်ဘက်မှထွက်ခွာလာသည့် ရထားအမှတ်(၈၁) အဆန်မီးရထားမှာ မော်လမြိုင်ဘက်သို့ ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိဘဲ အမှတ်(၃)ရပ်ကွက်ကြီး၊ ဆိပ်ကမ်းသာရပ်ကွက်၊ စစ်တောင်းတံတား(ဟောင်း)အနီးတွင် ရပ်နားလျက်ရှိပြီး အမှတ် (၃၁၀) အမြှောက်တပ်မှ ဗိုလ်ကြီး ဟိန်းထက်နိုင်နှင့် တပ်ဖွဲ့ဝင်များ၊ သိမ်ဇရပ်နယ်မြေရဲစခန်းမှ ရဲအုပ် လင်းလင်းထွန်းနှင့်တပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)