ဘေးဆိုး ကပ်ဆိုး အမျိုးမျိုး လွတ်မြောက်ကြပါစေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘေးဆိုး ကပ်ဆိုး အမျိုးမျိုး လွတ်မြောက်ကြပါစေ



မြန်မာပြည်မှာ အကြမ်းဖက်ဘေးသင့်နေတာ ကြာခဲ့ပါပြီ။ ၂၀၂၁ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူချိန်မှစပြီး အာဏာလက်မဲ့ ဖြစ်ခဲ့ရတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ NLD ပါတီဝင်တွေဟာ အကြမ်းဖက်အဖွဲ့များ ဦးဆောင်ဖွဲ့စည်းကာ လူငယ်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

NLD ပါတီမှ ပေါ်ပေါက်လာတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနဲ့အတူ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ သောင်းကျန်းသူများကလည်း ထကြွလာခဲ့ပါတယ်။ ၂၀၂၁ မှ ယနေ့အထိ ရဟန်းရှင်လူပြည်သူများမှာ တစ်နေ့တစ်ရက်မှ စိတ်မအေးချမ်းရပါဘူး။ နေ့စဉ် ဆိုသလို သံဃာတော်တွေ အသတ်ခံရ၊ ဆရာ/ဆရာမတွေ အသတ်ခံရ၊ အပြစ်မဲ့ ပြည်သူတွေ အသတ်ခံခဲ့ရပါတယ်။ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များရဲ့ သတ်ဖြတ်မှုကို နေ့စဉ်ပျမ်းမျှနှုန်းနဲ့ တွက်ရင် နေ့စဉ်နေ့တိုင်း အပြစ်မဲ့ ပြည်သူ (၆)ယောက်လောက်ကို သတ်ဖြတ်ခဲ့ကြပါတယ်။ သတ်ဖြတ်ခံရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၇၈၀၀ ကျော်သွားခဲ့ပါပြီ။

ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ရပ်များကြောင့် လမ်းတံတားများပျက်စီးခြင်း၊ ဌာနဆိုင်ရာ အဆောက်အဦများ ဖျက်စီးခံရခြင်း၊ လမ်းတံတားများ ဖျက်ဆီးရခြင်းကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ပမာဏက ရေတွက်လို့တောင် မရနိုင်တော့ပါဘူး။ အကြမ်းဖက်သမားများက တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေသလို တာဝန်ရှိသူတချို့ကလည်း တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အများပြည်သူ ကောင်းကျိုးဖြစ်စေဖို့ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်တာမျိုး မဟုတ်ဘဲ အကြမ်းဖက်အားပေး အသားထဲက လောက်ထွက် လုပ်ချင်သူတွေကလည်း ရှိနေပြန်၊ ကိုယ်ကျိုးရှာချင်သူက များပြားလွန်းတဲ့အခါ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်ခဲ့ရပါတယ်။

မြန်မာပြည်အဝှမ်းမှာ အကြမ်းဖက်ဘေးကတစ်မျိုး၊ ရေဘေးက ထပ်တိုးလာပြန်ဆိုတော့ ဘေးကြပ်နံကြပ် အခြေအနေ ဖြစ်နေကြရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဝေသာလီပြည်မှာ ကပ်ဘေး ကျရောက်ခဲ့တာကို ဆရာတော်ကြီးများ ဟောကြားခဲ့သည့် တရားတော်များနဲ့ ပြန်လည် နှိုင်းယှဉ်ပြီး မြင်ယောင်ကြည့်မိတယ်။ 

မြတ်စွာဘုရားရှင်လက်ထက် ဝေသာလီပြည်တွင် အနာရောဂါ ဘေး၊ ဘီလူးသရဲတို့၏ ဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး  ဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုး ကျရောက်ခဲ့သည်။ ယင်းဘေးအန္တရာယ်ကြီး များမှ လွတ်မြောက်ပါစေခြင်းအကျိုးငှာ ဝေသာလီပြည် လိစ္ဆဝီမင်း တို့က  ဂင်္ဂါမြစ်တစ်ဖက်ကမ်းတွင်ရှိပြီး  ရှစ်ယူဇနာကွာဝေးသော ရာဇဂြိုဟ်ပြည်တွင်  သီတင်းသုံးနေသည့် မြတ်စွာဘုရားကို ရာဇဂြိုဟ် ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးမှတစ်ဆင့် ပင့်ဖိတ်လျှောက်ထားသောအခါ ဘုရားရှင်သည်  ညီတော်အာနန္ဒာနှင့်အတူ ရဟန္တာငါးရာ  ခြံရံ၍ ဝေသာလီပြည်သို့ ကြွချီတော်မူပါတယ်။

မြတ်စွာဘုရား ဝေသာလီပြည်သို့ ရောက်သည်နှင့် ကောင်းကင်ယံ ၌ မိုးတိမ်များ အုံ့ဆိုင်းကာ မိုးကြီးသည်းထန်စွာ ရွာသွန်းပြီး  သေဆုံး ပုပ်ပွနေသည့် ရုပ်အလောင်းများ ရေနှင့်မျောပါကာ  မကောင်းသည့် အနံ့များကင်းစင်၍ သန့်ရှင်းသွားပါတယ်။  မြတ်စွာဘုရားသည် တံတိုင်း သုံးထပ်ကာရံထားသည့် ဝေသာလီမြို့၏ တတိယတံတိုင်းတွင် ရတနသုတ်ကို  ညီတော်အာနန္ဒာအား   ဟောပြောသင်ကြားပေးပြီး ညီတော်အာနန္ဒာမထေရ်က တံတိုင်းသုံးခုစလုံးတွင်  ညလုံးပေါက် ရွတ်ဖတ်သရဇ္ဈယ်ပေးခဲ့သည်။  မြတ်စွာဘုရားသည်  ရတနသုတ်ကို ဝေသာလီတွင် ခုနစ်ရက်တိုင်တိုင် ဟောတော်မူခဲ့ပါတယ်။

လက်တလောအားဖြင့် ကျွန်တော်တို့ တိုင်းပြည်မှာလည်း စစ်သွေးကြွ ပြည်ဖျက်မိစ္ဆာတွေရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း က ပုပ်ပွ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ရှင်းဖို့များ မိုးသည်းထန်စွာ ရွာသွန်းပြီး ရှင်းလင်းလိုက်သည့်အလား မြစ်ကြီးနားမှာ ရေကြီးပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း က မြို့နယ်တွေ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာပြည်မြောက်ဖျားမှာ ရေကြီးပြီဆိုတာနဲ့ ပင်လယ်ဝအထိ ဆက်တိုက်ဖြစ်တော့မှာကို ကြိုတင်ခန့်မှန်းချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ခန့်မှန်းထားသည့်အတိုင်း ယခုဆိုရင် ပဲခူး၊ ရန်ကုန်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။ မြစ်ရေက အကျ၊ ပင်လယ်ရေက အတက်၊ မိုးကပါ အားထက်ဖြည့်ထားတော့ ရေကြီး ရေလျှံမှုတွေဟာ အတိုင်းထက် အလွန်ဖြစ်နေပါတယ်။

မြန်မာပြည်မှာ နှစ်စဉ် ရေဘေးကြုံတွေ့ရတဲ့ ပြဿနာ ရှိပါတယ်။ အပြန်အလှန် ဖေးမကူညီကြတာလည်း ရှိပါတယ်။ အခုအခါမှာတော့ အကြမ်းဖက်ဘေး၊ ရေဘေး အပြိုင်ဖြစ်နေတဲ့အခါကြတော့ အပြန်အလှန် ဖေးမကူညီပေးမှုတွေလည်း မစွမ်းနိုင်ကြတော့ပါဘူး။ ရေကြီး ရေလျှံမှုက မြန်မာမြေပေါ်မှာဖြစ်ပျက်နေတဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် သွေးညှီနံ့တွေ၊ ပုပ်နံ့ တထောင်းထောင်းထွက်နေတဲ့ သေဆုံးရုပ်အလောင်းတွေကို ဖယ်ရှားရှင်းလင်းပေးသွားတာတော့ အမှန်ပါပဲ။ သို့သော် ရေဘေးကလည်း ဆိုးရွားလွန်းလှတော့ မြွေပူရာ ကင်းမှောင့် ဖြစ်ရပြန်ပါတယ်။

အခုလို ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ဘယာဥပဒ်၊  သတ်ဖြတ်ခန္ဓာ၊  ဒုဗ္ဘိက္ခာနှင့်၊ ရောဂါဖျက်ဆီး၊ မှုကြီး ထွေရာ၊ တွေ့ရောက်လာသော်၊ ယာနီဓဘူတ၊ ရတနဟု၊ တေဇလျှံထိပ်၊ သုတ်ပရိတ်ကို၊ စိတ်သစ္စာမှု၊ ရွတ်ဖတ်ပြုလော့ ဆိုသည့် လင်္ကာလေး အတိုင်း ကပ်ကြီးသုံးပါးမှ လွတ်မြောက်ခြင်း၊ စုန်းတစ္ဆေ၊ ပယောဂတို့ကို နိုင်ခြင်း၊ အမှုအခင်းတို့နှင့် ရင်ဆိုင်ရခြင်းတို့မှ လွတ်မြောက်ခြင်းဟူသော အကျိုးကျေးဇူးတို့ကို    ရတနသုတ်ပရိတ်  ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ရရှိနိုင်သည်ဟု ဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ထားကြပါတယ်။ အစားအစာ ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါများ ကျရောက်ခြင်း၊  စစ်မက် လက်နက်တို့ကြောင့် ဘေးအန္တရာယ်ကျရောက်ရခြင်း ဟူသော ကပ်သုံးပါးတို့မှာ လူတို့တွင် လောဘဖုံးလွှမ်းခြင်း၊ မောဟဖုံးလွှမ်းခြင်း၊ ဒေါသဖုံးလွှမ်းခြင်းတို့မှ  အစပြုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသူ/နိုင်ငံသား အားလုံး လောဘ၊ ဒေါသ၊ မောဟတွေကို သတိပြုဆင်ခြင်နိုင်ကြဖို့ အထူးလိုအပ်ပါလိမ့်မယ်။ ပရိတ်တရားတို့ကို နာယူခြင်း၊  ရွတ်ဖတ်ပူဇော်ခြင်းတို့သည် ကုသိုလ်အမှုများဖြစ်ကြပြီး လောဘ၊ မောဟ၊ ဒေါသတို့ လျော့ပါးကင်းစင်စေခြင်းက လိုရင်းဖြစ်ပါတယ်။ ပရိတ်တရား၏ အကျိုးကို ရခြင်း၊ မရခြင်းတို့မှာ ရွတ်သူ၊ နာသူ တို့အပေါင်းတို့ဟာ လောဘဖုံးလွှမ်းခြင်း၊ မောဟဖုံးလွှမ်းခြင်း၊ ဒေါသဖုံးလွှမ်းနေရင်တော့ ကောင်းကျိုး မရနိုင်ပါဘူး။

မိလိန္ဒမင်းကြီးနှင့်  ရှင်နာဂသိန်တို့၏  အမေးအဖြေတွင်  ပရိတ် အရံအတားတို့၏ အကျိုးနှင့်စပ်လျဉ်း၍ “ကံပိတ်ပင်တားမြစ်ခြင်းမှ လွတ်ကင်းသူ၏ အကျိုးငှာ ပရိတ်အရံအတားကို  မြတ်စွာဘုရားက ဟောကြားခြင်းဖြစ်သည်” ဟု ရှင်နာဂသိန်က  ဖြေခဲ့ပြီး“ မဟာရာဇာ- ဥပမာ-သေ၍  ခြောက်သွေ့ကာ အဆီဩဇာမရှိသော အခေါင်း ရှိသည့် သစ်ပင်အား ရေအိုးတစ်ထောင်ဖြင့်  ပက်ဖျန်းသော်လည်း တစ်ဖန်ပြန်၍ စိမ်းစိုကာ ရွက်ညွန့်ထွက်ရန် မဖြစ်နိုင်ပါ။ ထို့အတူပင် အသက်ကုန် ခါနီးသူအား ဆေးကုခြင်း၊ ပရိတ်ရွတ်ခြင်းတို့ဖြင့် အကျိုးမရှိပါ” ဟု ဆက်လက်ရှင်းပြခဲ့သည်။ အမေးအဖြေ၏ နောက်တစ်နေရာတွင် “ဘန္တေ- သို့ဖြစ်ပါလျှင် အလုံးစုံသော သူတို့အား ပရိတ်အရံအတားသည် ကာကွယ်စောင့်ရှောက်ပါသလော”၊ “မဟာရာဇ-အချို့ကို  စောင့်သည်၊ အချို့ကိုကား မစောင့်ပါ”၊ “သို့ဖြစ်ပါလျှင် ဘန္တေ- ပရိတ်သည် အလုံးစုံ သော အကျိုးကို မပြီးပါတကား” ဟု မိလိန္ဒမင်းကြီးက  ကောက်ချက်ချ သဖြင့် လူတို့စားသော အစာအာဟာရသည်ပင် အချို့သူတို့အတွက် ဘေးဖြစ်ကြောင်း၊  အစာအာဟာရကို  ကောင်းစွာမမှီဝဲသည့်အခါ အသက်အန္တရာယ်ပင်ဖြစ်ကြောင်း ရှင်နာဂသိန်က ဟောကြားခဲ့ပြီး ပရိတ်သည် အချို့ကိုမစောင့်၊ အချို့ကိုစောင့်ပါတယ်။ အကုသိုလ်ကံ အားကြီးသောသူ၊ အစဉ်ထာဝရ အယူအဆမှားယွင်းနေသူနှင့် အယုံအကြည်ကင်းမဲ့သူအား ကာကွယ်စောင့်ရှောက်သော်လည်း အကျိုးမရောက် ဖြစ်ရတတ်ပါတယ်။  ဥပမာ အမိသည် များစွာသော အပြစ် ဒဏ်တို့ဖြင့် အချုပ်အနှောင်ခံရသော သားမိုက်ကို စောင့်ရှောက်လို သော်လည်း မစောင့်ရှောက်နိုင်သကဲ့သို့  ဖြစ်သည်ဟု   ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒီကာလအတွင်းမှာ ထူးထူးခြားခြား အနေနဲ့ KIA, PDF အကြမ်းဖက်သမားများ ဝိုင်းရံထားတဲ့ အလယ်ကနေ မောရသုတ်ပရိတ်ရွတ်ပြီး လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ဖူးပါတယ်။ ဒီလို ဘေးဆိုး ကပ်ဆိုး အမျိုးမျိုး ကျရောက်နေချိန်မှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အနေနဲ့တော့ မိမိစိတ်ကို ကောင်းအောင်ထားပြီး ကောင်းမှုကုသိုလ် ပွားများနိုင်သမျှ ပွားမျှကြပါလေ။ မြတ်စွာ ဘုရား၏ ပရိတ်တော်များကိုလည်း အမြဲမပြတ် နှလုံးသွင်း ပူဇော်ကြပါလေ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)