ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး







ရွှေတောင်  ၊  ဇူလိုင်  ၄

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊က ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

       အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ၊နွားမယံကျေးရွာအုပ်စု၊ နွားမယံကျေးရွာကွင်းအမှတ် ( ၄၀၈) ရွာဟောင်းကွင်း ဦးပိုင်အမှတ်(၁၀ ခ)၊ ဧရိယာ( ၀.၆၂) ဧကရှိ မြေပေါ်တွင် ဦးညီနိုင်အောင်မှ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ် / သိုလှောင်/ ရောင်းချခွင့်ပြုနိုင်ရေး ၊ရွှေတောင်မြို့နယ် ၊ဝါးတောကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာရှိ ဆည်ကြီးကုန်းတမံ၏ ရေပိုလွှဲ ပြန်လည်ပြုပြင်ခြင်းနှင့် ရေပေးမြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း အား မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ( ဆည်မြောင်း) မှ၂၀၂၄- ၂၀၂၅ခု၊ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ( ငွေလုံးငွေရင်း) ဖြင့်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ၊ မဲတောကျေးရွာအုပ်စု၊ရှင်ညိုကျေးရွာ ကွင်းအမှတ် ( ၄၅၉) ကမ်းတင်ကွင်း ဧရိယာ ( ၃.၀၃) ဧကရှိ မြေပေါ်တွင် ဦးဇော်မင်းမှ ဇီဝဇိုးငှက် လှောင်အိမ်ဆောက်လုပ်နေမှု အခြေအနေများ ၊ ရွှေတောင် မြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၄- ၂၀၂၅ခု၊ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေမျက်- ရွာကုန်း- ကုက္ကိုလ်မြောင်- မယားမာန်လမ်း မြေသားဘောင်ချဲ့ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)