ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာ ကျောင်းပေါင်း (၂၇) ကျောင်း ယာယီပိတ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာ ကျောင်းပေါင်း (၂၇) ကျောင်း ယာယီပိတ်ထား



ကန်ကြီးထောင့်၊ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် ကျောင်းဝင်းအတွင်ရေများဝင်ရောက်ခြင်းနှင့် ကျောင်းသား/ သူများ ကျောင်းသွားရာလမ်းများ ရေကျော်ခြင်းတို့ကြောင့် အခြေခံပညာကျောင်းပေါင်း(၂၇)ကျောင်းအား ဇူလိုင်လ(၂၉)ရက်နေ့မှ စတင်၍ ယာယီပိတ်ထားခဲ့ရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် အခြေခံပညာအထက်တန်းကျောင်း ဒါးက၊ အခြေခံပညာအထက်တန်းကျောင်း ဆပ်ကွင်း၊ အခြေခံပညာအထက်တန်းကျောင်း ရွေး၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သဘော့ငူ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျွန်းလျားရှည်၊ အခြေခံပညာအလယ်တန်းကျောင်း လေဗွေချောင်၊ အခြေခံပညာ အလယ်တန်းကျောင်း ဒါးကမြို့မ၊ အခြေခံပညာအလယ်တန်းကျောင်း ရွေးကုန်း၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ညောင်ချောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကညွှတ်ကုန်း၊ အခြေခံပညာမူလတန်း လွန်ကျောင်း ဗိုင်းတောင့်၊ အခြေခံပညာမူလတန်းလွန်ကျောင်း ဒီးဒုတ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း ကံကုန်း၊ အခြေခံပညာမူလတန်းကျောင်း ဗန်းမော်ချောင်း၊ အခြေခံပညာမူလတန်းကျောင်း ကြိမ်ချောင်း၊ အခြေခံပညာမူလတန်းကျောင်း ဝဲ၊ အခြေခံပညာမူလတန်းကျောင်း ဘုရားချောင်း၊ အခြေခံပညာမူလတန်း ကျောင်းအုတ်ပုံကုန်း၊ အခြေခံပညာမူလတန်းကျောင်း ဗျိုက်စု၊ အခြေခံပညာမူလတန်းကျောင်း ဗမာမြောင်ကြီး၊ အခြေခံပညာမူလတန်းကျောင်း (၁) ကန်ကြီးထောင့်၊ အခြေခံပညာမူလတန်းကျောင်း (၁၄၄) ညောင်ချောင်း၊ အခြေခံပညာမူလတန်းကျောင်း ကွမ်းစီးပင်ဆိပ် (၁)၊ အခြေခံပညာမူလတန်းကျောင်း ဒါးကဝ၊ အခြေခံပညာမူလတန်းကျောင်း အစုကြီး၊ အခြေခံပညာမူလတန်းကျောင်း (၁၃၂)ချောင်းဖျား၊ အခြေခံပညာ မူလတန်းကျောင်း ပျဉ်းမငူ စုစုပေါင်းကျောင်းပေါင်း(၂၇)ကျောင်းတို့အား ဇူလိုင်လ (၂၉)ရက်နေ့မှ ဩဂုတ်လ (၄)ရက်နေ့အထိ (၅/၆) ရက် ကြာယာယီပိတ်ထားရှိပြီး ကျောင်းပိတ်ရက်များကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်းနှင့် အပတ်စဉ် ဥပုသ်နေ့တိုင်းပြန်လည်အစားထိုးသင်ကြားသွားမည်ဖြစ်ရာ နေ့စဉ် မိုးသည်းထန်စွာရွာသွန်း ခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုတို့ကြောင့် ကျောင်းအဆောက်အအုံများထိခိုက်ပျက်စီးဆုံးရုံးမှုမရှိကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။


ကျော်ဇင်စိုး 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)