ဆိပ်ဖြူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆယ်ရေးသုံးပစ္စည်းများ စုဖွဲ့ထားရှိခြင်းနှင့် ရေယာဉ်များကြံ့ခိုင်မှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆယ်ရေးသုံးပစ္စည်းများ စုဖွဲ့ထားရှိခြင်းနှင့် ရေယာဉ်များကြံ့ခိုင်မှု စစ်ဆေး

 




ဆိပ်ဖြူ၊ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုကော်မတီက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးသုံးပစ္စည်းများ စုဖွဲ့ထားရှိခြင်းနှင့် ရေယာဉ်များကြံ့ခိုင်မှု စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၌ မိုးရာသီကာလ၌ ဖြစ်ပေါ်တတ်သည့် ရေကြီးရေလျှံဖြစ်ခြင်း၊ မြေပြိုမှုအန္တရာယ်တို ကြိုတင်ကာကွယ်ခြင်း၊ ဘေးအန္တရာယ်တုံ့ပြန်ကူညီဆောင်ရွက်ရေးလုပ်ငန်းများတွင် စွမ်းရည်ပြည့်ဝသော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် သဘာဝဘေးအန္တရာယ်ဆယ်ရေးသုံးပစ္စည်းများ စုဖွဲ့ထားရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရပ်တွင် ရှာဖွေကယ်ဆယ်ရေးသုံးရေယာဉ်များ ကြံ့ခိုင်မှုတို့ကို စစ်ဆေးဆောင်ရွက်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအေးမင်းမောင်၊ မြို့မမီးသတ်စခန်းမှူး ဦးဖြိုးဝေအောင်နှင့် ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များက စပိဘုတ်နှင့် စက်တပ်ယာဉ်တို့ကို မောင်းနှင်ပြသပေးသည်။  မြို့နယ်အတွင်း ဘေးအန္တရာယ်အမျိုးမျိုးများမှ ကြိုတင်ကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝသော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိပြီး အရှိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုကော်မတီဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုဇွဲ(အညာမြေ)

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)