ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်ဆက်လက်တက်မှုကြောင့် အခြေခံပညာ စာသင်ကျောင်းအချို့ ခေတ္တ ယာယီပိတ်ထားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်ဆက်လက်တက်မှုကြောင့် အခြေခံပညာ စာသင်ကျောင်းအချို့ ခေတ္တ ယာယီပိတ်ထားလျက်ရှိ

 





ရွှေတောင်  ၊ ဇူလိုင်  ၁၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာအခြေခံပညာ စာသင်ကျောင်းအချို့ခေတ္တ ယာယီပိတ်ထားရကြောင်းသိရသည်။

       ရွှေတောင်မြို့နယ်အတွင်း ( ၂၀၂၄- ၂၀၂၅) ပညာသင်နှစ် အတွင်း မြေနိမ့်ပိုင်းနေရာများဖြစ်    သည့် ရပ်ကွက် / ကျေးရွာအုပ်စုများရှိ အထက်တန်းကျောင်း ( ၄) ကျောင်း၊အလယ်တန်းကျောင်း ( ၃)ကျောင်း၊မူလတန်း ကျောင်း ( ၂၀) ကျောင်း စုစုပေါင်း ( ၂၇)ကျောင်းတို့တွင် ဧရာဝတီ မြစ်ရေဝင်ရောက်ခဲ့ပြီး မြို့နယ်ပညာရေးမှူးမှ အနီးကပ်ကြီးကြပ်၍ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများနှင့် ဆရာ/ ဆရာမ များအား အရေးကြီး စာရွက်စာတမ်းများ၊ ပရိဘောဂများအားရေလွှတ်ရာ နေရာနှင့်အမြင့်သို့ ပြောင်းရွေ့ထားနိုင်ရေးတို့အား ပေါင်းစပ် ဆောင်ရွက် ခဲ့သည်။

  အဆိုပါ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျောင်းပေါင်း ( ၂၇) ကျောင်းရှိ ကျောင်းသား၊ကျောင်းသူ ဦးရေ (၂၆၁၈)ဦးနှင့် ဆရာ ၊ဆရာမ( ၂၂၇) ဦး ခေတ္တ ယာယီ ကျောင်းများပိတ်ထားကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)