ရွှေတောင်မြို့နယ်တွင် အသက် (၂၀) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပါဝင်ယှဥ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အသက် (၂၀) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပါဝင်ယှဥ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




ရွှေတောင်   ၊  ဇူလိုင်  ၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ယမန့်နေ့ နေ့လယ်ပိုင်းက ၂၀၂၄-ခုနှစ်၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား (၄)မြို့နယ်နှင့် တက္ကသိုလ်ကောလိပ်များ အသက် (၂၀) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရွှေတောင်မြို့နယ် ကိုယ်စားပြုအသင်း ပါဝင်ယှဥ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

     အစည်းအဝေးတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်က ရွှေတောင်မြို့နယ် ကိုယ်စားပြု အားကစားသမားများ  ပါဝင်ယှဥ်ပြိုင်နိုင်ရေး ကိစ္စရပ်များ၊ လေ့ကျင့်ရေးနှင့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်ရေး၊ သတ်မှတ်ပြိုင်ပွဲရက်များတွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး တို့အား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကော်မတီပါ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုပ်ငန်းလိုအပ်ချက်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

အစည်းအဝေးသို့ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ( မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ)  နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီပါ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)