ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး (၃/၂၀၂၄) သို့ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး (၃/၂၀၂၄) သို့ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း ပါဝင်တက်ရောက်



ကင်ဘာရာ၊ ဇူလိုင် ၁၅

ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖိလစ်ပိုင်သံရုံးက အာဆီယံ-ကင်ဘာရာ ကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေး (၃/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် ကင်ဘာရာမြို့ရှိ The Commonwealth Club ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ထွန်း ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ ဩစတြေးလျနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mrs. Ma. Hellen Barber De La Vega က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၆-၆-၂၀၂၄ ရက်နေ့ တွင် ကျင်းပခဲ့သည့် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေး (၂/၂၀၂၄) ၏ အစည်းအဝေး မှတ်တမ်းကို အတည်ပြုခြင်း၊ ဖိလစ်ပိုင်သံရုံးအနေဖြင့် ကော်မတီ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်သွားမည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ကာလအတွင်း ကော်မတီအနေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ အာဆီယံနေ့ အခမ်းအနား ကျင်းပသွားမည့်အစီအစဉ်များနှင့် အာဆီယံ-ဩစတြေးလျစီးပွားရေးဖိုရမ် ကျင်းပမည့် ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)