မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ Facebook အတု ပြုလုပ်၍ ငွေကြေးလိမ်လည်မှုများရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ Facebook အတု ပြုလုပ်၍ ငွေကြေးလိမ်လည်မှုများရှိနေ





မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ Facebook စာမျက်နှာ ပုံစံအတုပြုလုပ်ကာ ဆန်မှာယူသူများအပေါ် ငွေကြေး လိ-မ်လည်မှုများရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) က ယနေ့ ဇူလိုင်(၄)ရက်တွင် သတိပေး ထုတ်ပြန်ထားပါတယ်။

MRF ၏ ယနေ့ အသိပေးထုတ်ပြန်ချက်တွင် အသင်းချုပ်အနေဖြင့် ဇွန်(၂၅)ရက်တွင် ပေါ်ဆန်မွှေး ဆန်များအား အိမ်အရောက်ပို စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ် သတင်းထုတ်ပြန်ချက်(၄/၂၀၂၄) အသိပေးချက် အပေါ် မသမာသူများက Facebook Page အတုများဖွင့်လှစ်ကာ ဆက်သွယ်မှာကြားရန် ဖုန်းနံပါတ်များကို ပြင်ဆင်ပြီး ဆန်ဝယ်ယူရန် စုံစမ်းမှုများကို ငွေကြေးလိမ်လည် လက်ခံနေကြောင်း သိရှိရသည်ဟု ရေးသားဖော်ပြထားပါတယ်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)