မအူပင်မြို့၌ မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုအထိမ်းအမှတ် Gender,CEDAW,NSPAW,UNSCR-1325 သင်တန်းဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့၌ မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုအထိမ်းအမှတ် Gender,CEDAW,NSPAW,UNSCR-1325 သင်တန်းဖွင့်လှစ်သင်ကြား

 

မအူပင်   ၊   ဇူလိုင်   ၃


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုအထိမ်းအမှတ် Gender, CEDAW, NSPAW,UNSCR-1325 သင်တန်းအား ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားသည်။

ရှေ့ဦးစွာ ခရိုင်အမျိုးသမီးရေးရာအ‌ဖွဲ့နှင့် မိခင်နှင့်ကလေး‌စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်က အဖွင့်အမှာစကားပြောကြားပြီး၊ မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး‌ ဒေါ်ခင်သန္တာထွေးက မိတ်ဆက်စကားပြောကြားပြီး မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူးမှ အမျိုးသမီးများနှင့် လူ့အခွင့်အရေး၊ အမျိုးသမီးများနှင့်မီဒီယာ၊ အမျိုးသမီးများနှင့်သဘာဝပတ်ဝန်းကျင်စသည့် အကြောင်းအရာများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ထွန်းက အမျိုးသမီးငယ်ရွယ်များ ကာကွယ်စောင့်ရှောက်ရေး၊ ကဏ္ဍစုံတွင် ကျား၊ မ ရေးရာထည့်သွင်းစဉ်းစားရေးအချက်များကိုလည်းကောင်း ရှင်းလင်းသင်ကြားပို့ချခဲ့ရာ သင်တန်းသား၊ သင်တန်းသူများမှ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းအား မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး ကျား၊ မ အခြေပြု အကြမ်းဖက်မှုအသိပညာပေးလက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အောင်မြင့်မြတ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)